■ ရိုမေးနီးယား-ပိုလန်ပွဲတွင် ပရိသတ်များခိုက်ရန်ဖြစ်ပွားမှုကြောင့် (၂)ဦး ဆေးရုံသို့တင်ပို့ခဲ့ရ
၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအ ဖြစ် ရိုမေးနီးယားနှင့်ပိုလန်တို့ကစားခဲ့သော ပွဲတွင် နှစ်ဖက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ(၂)ဦး ဆေးရုံတင် ခဲ့ရပြီး ပရိသတ်(၁၇)ဦး ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ ကြောင်းသိရသည်။
အဆိုပါပွဲတွင် ပရိသတ်များမှာ ကွင်းအတွင်းသို့ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်ခဲ့ကြပြီး မီးပန်းတစ်ခုမှာ ပို လန်တိုက်စစ်မှူး လီဝန်ဒေါစကီးအ နား ပေါက်ကွဲခဲ့သဖြင့် ဆေးကုသမှုခံ ယူခဲ့ရသည်။ ယခုကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုကြာင့် ပိုလန်ပရိသတ်တစ်ဦးနှင့် ရို မေးနီးယားပရိသတ်တစ်ဦးတို့မှာ ဆေးရုံသို့ တင်ပို့ခဲ့ရပြီး စိုးရိမ်ရသည့် အနေအထားမရှိကြောင်းသိရသည်။ ယင်းပွဲအပြီးတွင် ရိုမေးနီးယားရဲတပ် ဖွဲ့ဝင်များက ပိုလန်ပရိသတ်(၁၂)ဦး နှင့် ရိုမေးနီးယားပရိသတ်(၅)ဦးတို့ ကို စစ်ဆေးမေးမြန်းခဲ့ပြီး (၁၂)ဦးအား ဒဏ်ငွေချမှတ်ခဲ့သည်။
REF:Daily Mail
 
 
No comments:
Post a Comment