■ လာလီဂါ ပွဲစဉ်များ အကြိုသုံးသပ်ချက်
■ အလာဗတ်စ် နှင့် အက်စ်ပန်ညို (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
အက်စ်ပန်ညိုက ခံစစ်ကစားပုံတော့ တိုးတက်လာတာ တွေ့ရတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းအားနည်းတယ်။ 
အလာဗတ်စ် ကလည်း အိမ်ကွင်းအားကောင်းတဲ့အသင်းမျိုးဖြစ်ပြီး ခံစစ် ကောင်းတဲ့အသင်းပါ။ ဒီပွဲလည်း ဂိုးနည်းသရေပဲကြိုက်တယ်။
■ ဗလင်စီယာ နှင့် ဂရန်နာဒါ (တနင်္ဂနွေည ၉း၄၅ နာရီ)
နည်းပြပရင်ဒယ်လီလက်ထဲမှာ ဗလင်စီယာရဲ့ရလဒ်ပိုင်း ထင်သလောက်တက်မလာသေးလို့ ခုလိုဇယားအောက်ဆုံးက ဂရန်နာဒါလိုအသင်းနဲ့ ပွဲမှာတော့ မျက်နှာအပျက်ခံမှာမဟုတ်ပါဘူး။ 
ဗလင်စီယာကိုပဲ ရွေးထားရမယ့်ပွဲဖြစ်တယ်။ 
■ စပို့တင်းဂီဂျွန် နှင့် ဆိုစီဒက် (တနင်္ဂနွေည ၁၂း၀၀ နာရီ)
ဆိုစီဒက်ခြေတွေ့နေတယ်ဆိုပေမယ့် ဂီဂျွန်ကလည်း အိမ် ကွင်းကစားပုံမဆိုးဘူး။ အိမ်ကွင်းမှာ တောင့်ခံကစားနိုင်တယ်။ ဒါပေမဲ့ ဆိုစီဒက်က နောက်ဆုံး (၃)ပွဲဆက်နိုင်ထားပြီး ပေးဂိုးမရှိ ကစားထားတယ်။
 ဆိုစီဒက်နဲ့ ဂိုးအများပဲကြိုက်တယ်။
■ ဘီလ်ဘာအို နှင့် ဗီလာရီးယဲလ်(တနင်္လာနံနက် ၂း၁၅ နာရီ)
အဝေးကွင်းနောက်ဆုံးပွဲမှာ ရှုံးပွဲကြုံထားလို့ ဗီလာရီးယဲလ် ဒီပွဲကို အားထည့်ကစားလာနိုင်တယ်။ နှစ်သင်းစလုံး ဥရောပပွဲ တွေမှာလည်း အရေးကြီးနေတယ်။ ဘီလ်ဘာအိုကတော့ အိမ်ရှင် အားနဲ့ကစားမှာပါ။ ဂိုးနည်းမယ့်သရေပွဲလို့ပဲ မှန်းထားချင်တယ်။
No comments:
Post a Comment