Saturday, November 5, 2016

ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်

■ ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ဂရန်နာဒါ နှင့် ဒီပို့တီဗို ( ၅-၁၁-၂၀၁၆ ညနေ ၆း၃၀)
နိုင်ပွဲမရှိသေးတဲ့ ဂရန်နာဒါရဲ့လက်ရှိခြေစွမ်းနဲ့တော့ ဒီပို့ တီဗိုကို ဒုက္ခပေးနိုင်ဖို့မလွယ်သေးပါဘူး။ အဝေးကွင်းနောက်ဆုံး (၂)ပွဲဆက် အရှုံးတွေနဲ့ ဒီပို့တီဗိုကလည်း ဒီပွဲကိုသေချာကစား လိမ့်မယ်။ ဂိုးနည်းပြီး သရေကျမယ့်ပွဲမျိုးပါပဲ။

ဆိုစီဒက် နှင့် အက်သလက်တီကို (၅-၁၁-၂၀၁၆  ည ၉း၄၅)
ဒီရာသီကစားပုံပိုကောင်းလာတဲ့ အက်သလက်တီကို , ကို ဆိုစီဒက် ဘယ်လောက်အထိတောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်  ရမယ့်ပွဲမျိုးဖြစ်နေတယ်။ ဆိုစီဒက်ကစားပုံကလည်း အခုနောက်ပိုင်းခြေမှန်နေသလိုပဲ။ နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲမှာ (၃)ပွဲ နိုင်ထားပြီး (၁)ပွဲပဲဂိုးပေးခဲ့ရတယ်။ အိမ်ကွင်းနောက်ဆုံး(၃)ပွဲစလုံးအနိုင်ရထားပြီး အဲဒီ(၃)ပွဲမှာ တိုက်စစ်ပိုင်းက (၈)ဂိုးသွင်း ထားတဲ့ ဆိုစီဒက်ရဲ့လက်ရှိခြေစွမ်းက အားရစရာကောင်းနေပါတယ်။ အက်သလက်တီကိုကတော့
ချန်ပီယံလိဂ်လည်း နွှဲထားရ သေးတယ်။ ဆီဗီလာနဲ့အဝေးကွင်းနောက်ဆုံးပွဲကို အရေးနိမ့်ထားတဲ့အပြင် အဝေးကွင်းဂိုးသွင်းနှုန်းကလည်း ပုံမှန်မရှိတတ်ဘူး။ ပြီးခဲ့တဲ့ရာသီက ဆိုစီဒက်ကို နှစ်ကျော့စလုံးအနိုင်ရထားပေမယ့် လက်ရှိအခြေအနေအရတော့ အက်သလက်တီကိုအတွက် ခက်ခဲမှာသေချာပါတယ်။
ဒါပေမဲ့အဝေးကွင်းမှာခံစစ်မာကျောတဲ့အက်သလက်တီကိုကစားပုံကြောင့် ဆိုစီဒက်အတွက်လည်း အက်သလက်တီကိုဘက်ကို ဂိုးရဖို့မလွယ်တဲ့အပြင် အက်သလက်တီကိုတိုက်စစ်ကိုလည်း ဆိုစီဒက်ခံစစ်ပိုင်း မနည်းထိန်းချုပ် ရမှာပါ။ ဒါကြောင့် ဆိုစီဒက်အနေနဲ့ အမှတ်ခွဲယူဖို့ပဲ ဦးစားပေးလာမှာပါ။
ဂိုးနည်းပြီး သရေကျမယ့်ပွဲလို့ပဲ ထင်မိတယ်။

အိုဆာဆူနာ နှင့် အလာဗတ်စ် (၅-၁၁-၂၀၁၆ ည ၁၂း၀၀) 
အိုဆာဆူနာ ကစားပုံတက်လာသလိုတော့ တွေ့ရတယ်။ ဒါပေမဲ့ နိုင်ပွဲရဖို့တော့ရုန်းကန်နေရသေးပြီး ခံစစ်အားနည်းနေ တုန်းပဲ။ အလာဗတ်စ်က အဝေးကွင်းမှာ ထိန်းကစားနိုင်တဲ့ အသင်းပါ။ ဂိုးနည်းပြီး သရေကျမယ့်ပွဲလို့ပဲထင်တယ်။                         
 
လက်စ်ပါမားစ် နှင့် အီဘာ  (၆-၁၁-၂၀၁၆ နံနက် ၂း၁၅)  
ပွဲစဉ်(၄)မှာ မာလာဂါကိုနိုင်ပြီးနောက်ပိုင်း လက်စ်ပါမားစ် နိုင်ပွဲမရှိတော့ဘူး။ (၂)ပွဲရှုံး၊ (၄)ပွဲသရေကျထားတယ်။ တိုက်စစ် အားကောင်းပေမယ့် ခံစစ်ကိုမပြင်နိုင်ဘူးဖြစ်နေတယ်။ အဝေး ကွင်းပေမယ့် အီဘာနဲ့ ဂိုးအများပဲကြိုက်တယ်။   

ပုံစာ-ပြီးခဲ့သည့်ရာသီ ဆိုစီဒက်နှင့် အက်သလက်တီကိုတွေ့ဆုံမှု
Photo:AFP

No comments:

Post a Comment