■ ရှော်လ်ကေး နှင့် ဒမ်းစတက်ဒ် (တနင်္ဂနွေည ၉း၀၀ နာရီ)
ရှော်လ်ကေးအနေနဲ့ ဇယားထိပ်ပိုင်းစာရင်းထဲဝင်ရောက် နိုင်ဖို့ ဒီလိုပွဲမျိုးမှာ အမှတ်လျော့ခံလို့မဖြစ်ဘူး။ ဒီရာသီ အဝေး ကွင်းပွဲတိုင်းရှုံးထားတဲ့ ဒမ်းစတက်ဒ်အသင်း ဂိုးပြတ်မရှုံးအောင် ပဲ မျှော်လင့်ရမှာပါ။ ကစားအားကောင်းတဲ့ ရှော်လ်ကေး ဂိုးပြတ် နိုင်တယ်။
 ■ ဟာသာဘာလင် နှင့် မိန့်ဇ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ဒီရာသီ ဘွန်ဒစ်လီဂါမှာ အသင်းကြီးတွေကိုကျော်ပြီး ဟာ သာဘာလင်အသင်း အိမ်ကွင်းစွမ်းဆောင်ရည်အကောင်းဆုံး ဖြစ်နေတယ်။ (၅)ပွဲကစားထားပြီး ရာနှုန်းပြည့်အနိုင်ရရှိခဲ့ပါ တယ်။ မိန့်ဇ်ကတော့ နောက်ပိုင်းအဝေးကွင်းပွဲတွေမှာ အခြေ အနေမကောင်းတော့ဘူး။ ယုံကြည်မှုလည်း ကျလာတဲ့ပုံရှိတယ်။ ဟာသာဘာလင် အနိုင်ရဖို့များပါတယ်။

No comments:
Post a Comment