ယနေ့ည ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
 ■ ရော့စတော့ဗ် နှင့် ဘိုင်ယန်မြူးနစ်
 ဘိုင်ယန်မြူးနစ်ရဲ့ ခြေစွမ်းက  အရင်လိုအနေအထားမှာ မရှိပါဘူး။ 
 မနှစ်က ဂွါဒီယိုလာရဲ့အသင်းထက် လက်ရှိအန် ဆယ်လော့တီရဲ့အသင်းက ခြေစွမ်းရော၊ တိုက်စစ်ပါ အားနည်း ချက်တွေရှိတယ်။ 
 ဒါပေမဲ့ ရော့စတော့ဗ်လိုအသင်းမျိုးကို အနိုင်ကစားဖို့တော့မခက်ပါဘူး။ ဒဏ်ရာလည်း ကင်းစင်နေပါတယ်။ 
 ဘိုင်ယန် သေချာပေါက်နိုင်မယ်။ ဂိုးပြတ်နိုင်တယ်။ 
 ■ ဘက်ဆစ်တက် နှင့် ဘင်ဖီကာ
 နှစ်သင်းစလုံးအတွက် အရမ်းအရေးပါတဲ့ပွဲပါ။ 
 သရေဆိုရင် နောက်ဆုံးပွဲစဉ်အထိ နှစ်သင်းစလုံး မျှော်လင့်ချက်ရှိနေမယ်။  
အနိုင်ရခဲ့ရင်တော့ နိုင်တဲ့အသင်းအခြေအနေကောင်းသွားမှာပါ။ ဘင်ဖီကာက 
ခြေနည်းနည်းသာပေမယ့် သိပ်မကွာဘူး။ 
 ဘင်ဖီကာကွင်းမှာတုန်းကလည်း သရေကျခဲ့တယ်။ 
 ဒီပွဲလည်း သရေ ကျဖို့များပါတယ်။ 
 ■ အာဆင်နယ် နှင့် PSG
 နောက်တစ်ဆင့်တက်ပြီးသား အသင်းနှစ်သင်းရဲ့ ပွဲစဉ်ပါ။ 
 ပထမအကျော့ PSG ကွင်းမှာတုန်းကတော့ PSG က ခြေသာပေမယ့် အာဆင်နယ်အသင်းကလည်း ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့တာကိုတွေ့ရတယ်။ 
 ဒီပွဲကလည်း ဂုဏ်သိက္ခာပိုင်းအရ အရေးကြီးနေသလို၊ အုပ်စုဗိုလ်နေရာရဖို့ကလည်း 
အရေးကြီးနေတယ်။ အုပ်စုဒုတိယနေရာသာဖြစ်ခဲ့ရင် ရှုံးထွက်အဆင့်မှာ 
ပွဲပိုကျပ်သွားနိုင်တဲ့အတွက် နှစ်သင်းစလုံး လူစုံထုတ်ပြီး နိုင်ပွဲရှာဖို့ 
ကြိုးစားကြလိမ့်မယ်။ 
 အာဆင်နယ်က နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာ အသင်းကြီးတွေနဲ့ ကစားခဲ့ရပြီး စပါးကိုရော၊ မန်ယူကိုပါ သရေကျခဲ့တယ်။
 နှစ်ပွဲစလုံးမှာ ခြေစွမ်းက သိပ်ပြီး အားရစရာမရှိဘူး။ 
 PSG ကတော့ နောက်ဆုံးနှစ်ပွဲမှာ ပွဲချောင်ခဲ့ပြီး ပေးဂိုးမရှိအနိုင်ရခဲ့တယ်။
 နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက် တိုက်အနိုင်ရထားတာလည်း တွေ့ရတယ်။ လက်ရှိအချိန်မှာ ခြေစွမ်းကွာဟချက်သိပ်မရှိဘူး။ 
 PSG က လူအင်အားနည်းနည်းသာတယ်လို့ ယူဆရမှာဖြစ်ပေမယ့် အာဆင်နယ်ကွင်းမှာ 
ဥရောပထိပ်တန်းအသင်းကြီးတွေကို ခြေရည်တူကစားနိုင်ခဲ့တာကို  သတိပြုရမယ်။ 
 အာဆင်နယ်က ချန်ပီယံလိဂ်မှာ အိမ်ကွင်းကောင်းတဲ့အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ 
 ဒါကြောင့် အာဆင်နယ်က ပိုအားသာတယ်။ 
 ဒါပေမဲ့ မန်ယူနဲ့ ပွဲမှာ ရုန်းကန်ထားရတာ၊ ပွဲပန်းနေတာတွေကြောင့် PSG သရေတော့ရလိမ့်မယ်။ 
 ■ လူဒိုဂိုရတ်စ် နှင့် ဘေဆယ်
 အုပ်စုတတိယနေရာအတွက် အရေးပါနေတဲ့ပွဲပါ။ 
 ဒီရာသီမှာ ဘေဆယ်အသင်းရဲ့ရလဒ်တွေက တော်တော်ကျဆင်းသွားတယ်။ လူဒိုဂိုရတ်စ်နဲ့ ခြေရည်တူအနေအထားပဲ ရှိပါတယ်။
 ဘေဆယ်ကွင်းမှာတုန်းကလည်း လူဒိုကတောင် ဦးဆောင်ဂိုးနဲ့ အနိုင်ရလုနီးပါးကစားခဲ့တယ်။ 
 ဒီပွဲက လူဒိုဂိုရတ်စ်ကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး သရေနဲ့အနိုင်ပါပဲ။ 
 ■ နာပိုလီ နှင့် ဒိုင်နမိုကိဗ်
 နာပိုလီက အုပ်စုတက်ဖို့အတွက် မဖြစ်မနေအနိုင်ကစားရမယ့် အနေအထားဖြစ်နေတယ်။ 
 အုပ်စုထိပ်မှာ ရှိနေပေမယ့် အမှတ်တွေက သိပ်မကွာကြဘူး။ 
ဒိုင်နမိုကိဗ်တစ်သင်းပဲ ရလဒ်တွေတော်တော်ဆိုးနေတာဖြစ်ပြီး ဒီပွဲကိုမှ မနိုင်
 ရင် အခြေအနေဆိုးသွားနိုင်တယ်။ 
 နာပိုလီ ပထမအကျော့တုန်းက ခက်ခက်ခဲခဲအနိုင်ရခဲ့ပြီး ဒီပွဲလည်းနိုင်မှာပါ။ ဂိုးတော့မပြတ်ဘူး။ 
 ■ ဆဲလ်တစ်နှင့် ဘာစီလိုနာ
 ဆဲလ်တစ်က မန်စီးတီးကို အိမ်ကွင်းမှာ (၃-၃) ဂိုးနဲ့ သရေကစားခဲ့တာပဲ အုပ်စုတွင်းမှာ မှတ်မှတ်ရရပြောစရာရှိပါတယ်။ 
 ကျန်ပွဲတွေမှာ ပြိုင်ဘက်အသင်းတွေနဲ့ ခြေတော်တော်ကွာဟနေတယ်။ 
ဘာစီလိုနာအသင်းက ဒီလိုပွဲမျိုးကို လူစုံမထုတ်ရင်တောင်အနိုင်ရဖို့မခက်ပါဘူး။
 
 ဘာစီလိုနာ သေချာပေါက်နိုင်မှာဖြစ်သလို၊ ဂိုးလည်းပြတ်နိုင်တယ်။ 
 ■ မိုချန်ဂလာဘတ် နှင့် မန်စီးတီး
 မိုချန်ဂလာဘတ်က ဒီပွဲကို နိုင်ရင်တောင်(၅)ဂိုးပြတ်မနိုင်ရင် မန်စီးတီး ရဲ့ အောက်မှာပဲ ရှိနေလိမ့်မယ်။ 
 အုပ်စုနောက်ဆုံးပွဲကလည်း ဘာစီလိုနာနဲ့ ဖြစ်လို့ နောက်တစ်ဆင့်တက်ဖို့ ခက်သွားပါပြီ။
 မျှော်လင့်ချက်မရှိတော့ပါဘူး။ 
 မန်စီးတီးကလည်း အမှတ်သိပ်မလိုတော့လို့ သရေပဲ ထိန်းကစားသွားဖို့များတယ်။ 
 ■ အက်သလက်တီကို နှင့် PSV
 PSV က ပြီးခဲ့တဲ့နှစ်တုန်းက အက်သလက်တီကိုကို ချန်ပီယံလိဂ်မှာ တော်တော်လေး 
အခက်တွေ့စေခဲ့သလို၊ ဒီရာသီ ပထမအကျော့ ဆုံတွေ့မှုမှာလည်း အနိုင်ရသင့်တဲ့ 
ခြေစွမ်းနဲ့ ကစားပြီးမှ သရေကျခဲ့တယ်။ 
 လက်ရှိအချိန်မှာတော့ အမှတ်မလိုတဲ့အနေအထားတွေဖြစ်ပြီး PSV ကတော့ ဆက်လက်ဒုက္ခပေးဦးမှာပဲ။ 
 သရေကျဖို့များပါတယ်။