မန်ယူအသင်းနှင့် ဆေးစစ်ဆေးရန် ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ပေါ့ဘာ ရောက်ရှိ
 ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် မန်ယူအသင်းနှင့် ဆေးစစ်ဆေးရန် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
 ပေါ့ဘာအား မန်ယူအသင်းနှင့် ဆေးစစ်ဆေးရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း 
ဂျူဗင်တပ်စ်အသင်းက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကြေညာခဲ့ပြီး အားလပ်ရက်တွင် 
အမေရိကန်သို့ ရောက်ရှိနေသည့် ပေါ့ဘာမှာ နယူးယောက်မှ မန်ချက်စတာသို့ 
ထွက်ခွာလာခဲ့ရာ တနင်္လာ နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။
 ထို့နောက် မန်ယူအသင်း စီစဉ်ပေးသည့် အနီ၊ အနက် နှစ်ရောင်စပ် Chevrolet 
ကားဖြင့် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
 
မန်ယူအသင်းနှင့် ဆေးစစ်ဆေးမှု အောင်မြင်ပါက လာမည့် အင်္ဂါ သို့မဟုတ် 
ဗုဒ္ဓဟူးနေ့တွင် မန်ယူအသင်းက ပေါ့ဘာကို ခေါ်ယူကြောင်း ကြေညာချက် 
ထုတ်ပြန်ဖွယ်ရှိသည်ဟု AFP သတင်းဌာနက ဖော်ပြသည်။
 
အသက်(၂၃)နှစ်အရွယ်ရှိ ပေါ့ဘာ၏ ပြောင်းရွှေ့ကြေးမှာ 
ပေါင်သန်း(၁၁၀)ခန့်ရှိမည်ဖြစ်ရာ ကမ္ဘာ့စံချိန်သစ် ဖြစ်လာမည်ဖြစ်ပြီး 
တစ်ပတ်လုပ်ခ ပေါင်(၂၉၀၀၀၀)ဖြင့် (၅)နှစ်စာချုပ်ချုပ်ဆိုဖွယ်ရှိကြောင်း 
သိရသည်။

No comments:
Post a Comment