Saturday, July 30, 2016

ဒီယေဂိုကော်စတာအား ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းရန် အသင်းဟောင်း အက်သလက်တီကို စီစဉ်နေ

ဒီယေဂိုကော်စတာအား ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းရန်
အသင်းဟောင်း အက်သလက်တီကို စီစဉ်နေ
ချယ်လ်ဆီးအသင်းတိုက်စစ်မှူးဒီယေဂိုကော်စတာကို ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းရန် အသင်းဟောင်း
အက်သလက်တီကိုက စီစဉ်လျက်ရှိကြောင်း သိရသည်။
ဒီယေဂိုကော်စတာသည် ၂၀၁၄ခုနှစ်က အက်သလက်တီကိုမှ ချယ်လ်ဆီးအသင်းသို့ ပေါင်(၃၂)သန်းဖြင့်
ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးယခုအခါ အက်သလက်တီကိုအသင်းက
၎င်းတို့၏ တိုက်စစ်မှူးဟောင်းကို
မူလရောင်းချခဲ့သောဈေးထက် ပိုမိုများပြားသည့် ပမာဏဖြင့် ပြန်လည်ကမ်းလှမ်းရန်စီစဉ်နေခြင်းဖြစ်သည်။

ဒီယေဂိုကော်စတာသည် ပြီးခဲ့သည့် ချယ်လ်ဆီးအသင်း၏ သြစတြီးယားခြေစမ်းခရီးစဉ်၌ ပါဝင်ကစားခဲ့သော်လည်း
လီဗာပူးလ်အသင်းနှင့် International Champions Cup ပွဲစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ဒီယေဂိုကော်စတာကို ရောင်းချရန်ဆန္ဒမရှိသော်လည်း
ရာသီသစ်၌ ပုံမှန်ပွဲထွက်ခွင့်ရရန် အာမမခံကြောင်း အရိပ်အမြွက်ပြောကြားခဲ့ဖူးသည်။
Photo: Daily Mail

No comments:

Post a Comment