Saturday, July 2, 2016

ကိုယ်လာခဲ့တဲ့ နေရာကို မှတ်မိနေရမယ်လို့ ကိုးလ်မန်းပြော

ကိုယ်လာခဲ့တဲ့ နေရာကို မှတ်မိနေရမယ်လို့ ကိုးလ်မန်းပြော
===================================
ဇူလိုင် ၂၊ ၂၀၁၆။

ခရစ္စကိုးလ်မန်းရဲ့ ဝေးလ်စ်အသင်းဟာ သူတို့နိုင်ငံသမိုင်းမှာတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ မှတ်တမ်းသစ်တွေ ပြုစုရေးသားဖို့အတွက် အောင်မြင်မှုတွေကို ယူဆောင်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုးလ်မန်းက သူတို့အနေနဲ့ ကိုယ်ဘယ်ကလာခဲ့သလဲ
ဆိုတာကို မှတ်မိနေဖို့က အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။

အသင်းငယ်လေးလို့ သိထားကြတဲ့ ဝေးလ်စ်အသင်းဟာ လုံးဝကို အံ့သြတုန်လှုပ်ဖွယ်အဖြစ် ဖီဖာသတ်မှတ်ချက် အဆင့် ၂ရှိတဲ့ ဘယ်လ်ဂျီယံအသင်းကို တစ်ဂိုးရှုံးနေရာကနေ သုံးဂိုး ပြန်သွင်းပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

သူတို့ဟာ အုပ်စုတွင်းမှာ အင်္ဂလန်ကို ကျော်ဖြတ်ပြီး အုပ်စုပထမနဲ့
၁၆ သင်းအဆင့်ရှုံးထွက်ကို တက်ရောက်နိုင်ခဲ့တဲ့အပြင် အခုလည်း ကွာတားဖိုင်နယ်ကို ကျော်ဖြတ်ပြီး ဖီမီးဖိုင်နယ်မှာ ပေါ်တူဂီနဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ဆိုတာ ဝေးလ်စ်အသင်းရဲ့ ဥရောပဖလားပြိုင်ပွဲသမိုင်းမှာ အခုအချိန်ထိတော့ အမြင့်မားဆုံးအောင်မြင်မှုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝေးလ်စ်အသင်းဟာ အခုတစ်ကြိမ်မှာမှ ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပ ဖလားပြိုင်ပွဲကို ခြေစစ်ပွဲအောင် ရောက်ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

“ ဘာက ကျွန်တော်တို့ကို ဒီနေရာရောက်အောင် ယူဆောင်လာခဲ့သလဲ၊ ကျွန်တော်တို့ရဲ့ စိတ်ကူးနဲ့အတွေးက ဘာလဲဆိုတာကို ကျွန်တော်တို့ ဘယ်တော့မှ မေ့လို့မရပါဘူး။ ပြီးတော့ ဒါကို ကျွန်တော်တို့ စူးစူးစိုက်စိုက် ထားရပါမယ် ” လို့ ကိုးလ်မန်းက ပြောပါတယ်။

“ ခင်ဗျားအနေနဲ့ ပွဲတစ်ပွဲထဲ ရောက်သွားပြီဆိုရင် ပွဲရဲ့ရလဒ်ကို မထိန်းချုပ်နိုင်ဘူး။ ခင်ဗျားလုပ်နိုင်တဲ့ အရာက ခင်ဗျားရဲ့ စွမ်းဆောင်မှုကို ထိန်းချုပ်တာပါပဲ ” လို့လည်း ကိုးလ်မန်းက ထပ်ပြီးပြောသွားပါသေးတယ်။

“ ဒီပြိုင်ပွဲကြီးအဆုံးမှာ အနိုင်ရဖို့ ကျွန်တော်မတွေးဘူး။ ကျွန်တော်တို့ တွေးခဲ့တာက အုပ်စုအဆင့်ကထွက်ရမယ်။ ပြီးတော့ မြောက်အိုင်ယာလန်ကို ယှဉ်ပြိုင်မယ်။ ပြီးတော့ ဘယ်လ်ဂျီယံ ”

“ နောက်တစ်သင်းက ပေါ်တူဂီ။ ကျွန်တော့်အဖွဲ့က ပြိုင်ပွဲကြီးအဆုံးမှာ အနိုင်ရဖို့ မတွေးဘူးလို့ ပြောပါရစေ။ သူတို့က နောက်ထပ်စိန်ခေါ်မှုအကြောင်းပဲတွေးတယ်။ အဲဒါက ပေါ်တူဂီပဲ ”

No comments:

Post a Comment