မန်စီးတီးအသင်းသားများကိုယ်တိုင် ရွေးချယ်ခွင့်ရရှိမည်
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းခေါင်းဆောင် ကွန်ပနီဒဏ်ရာရရှိနေသည့်ကာလအတွင်း
အသင်းခေါင်းဆောင်ရာထူးကို အသင်းသားများကိုယ်တိုင် ရွေးချယ်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။
ကွန်ပနီသည် ပြီးခဲ့သည့်ဘောလုံးရာသီအတွင်းက ဒဏ်ရာပြသနာကြောင့် မန်စီးတီးအသင်း၏ ပွဲစဉ်အများစုကို လွဲချော်ခဲ့ရသလို၊ မေလအတွင်းက ကစားခဲ့သည့် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ရရှိခဲ့သော
ပေါင်ဒဏ်ရာကြောင့် မန်စီးတီးအသင်း၏ ပွဲစဉ်များအပြင် ယူရို-၂၀၁၆ ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရသူဖြစ်သည်။
 ယင်းဒဏ်ရာကြောင့် ကွန်ပနီမှာ လာမည့် ၂၀၁၆-၁၇ ဘောလုံးရာသီ မန်စီးတီးအသင်း၏ ရာသီအစပွဲစဉ်များကို
လွဲချော်ဖွယ်ရှိနေသဖြင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာက '' အသင်းခေါင်းဆောင်ရာထူးအတွက် ကစားသမားတွေကိုယ်တိုင် ဆုံးဖြတ်ရပါလိမ့်မယ်။ အသင်းခေါင်းဆောင်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိပါတယ်။
အသင်းခေါင်းဆောင်ရာထူးအပြောင်းအလဲလုပ်ချင်လို့ ကစားသမားတွေ တိုင်ပင်နေတဲ့အချိန်မျိုးမှာ
ကျွန်တော်က အ၀တ်လဲခန်းနဲ့ နားနေခန်းတွေမှာ ကျွန်တော်ရှိနေမှာ မဟုတ်ပါဘူး။
သူတို့ကို ဦးဆောင်မယ့် အကောင်းဆုံးလူတစ်ဦးကို ရွေးချယ်သွားရမှာပါ။
ဒီအသင်းကို ကျွန်တော်ရောက်တာ လပိုင်းတာရှိသေးလို့ တစ်ယောက်အကြောင်းကို တစ်ယောက် ကျွန်တော်ထက်ပိုသိပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဘောလုံးရာသီက ကွန်ပနီဒဏ်ရာရရှိနေချိန်များတွင် မန်စီးတီးအသင်းခေါင်းဆောင်ရာထူးကို
ဂိုးသမား ဂျိုးဟတ်၊ ကွင်းလယ်လူ ယာယာတိုရေးနှင့် နောက်ခံလူ ဇာဘလက်တာတို့က တာဝန်ယူခဲ့ဖူးကြောင်း
သိရသည်။
Photos: Daily Mail

No comments:
Post a Comment