■ ပေါ့ဘာ၏ ဆေးစစ်မှု အေးဂျင့်ကြောင့် ပျက်ပြယ်ခဲ့ရ
 မန်ယူအသင်းသို့
 ပြောင်းရွှေ့ရန်နီးစပ်နေသည့် ဂျူဗင်တပ်စ်အသင်းမှ ပြင်သစ်ကွင်းလယ်လူ 
ပေါ့ဘာသည် ပြီးခဲ့သည့်အင်္ဂါနေ့ မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ၊ 
မိုင်ယာမီတွင် ဆေးစစ်မှုခံယူရန် စီစဉ်ထားသော်လည်း အေးဂျင့်ဖြစ်သူ 
ရိုင်အိုလာမှ ဖျက်သိမ်းခဲ့သောကြောင့် ပျက်ပြယ်ခဲ့ရကြောင်း စပိန်သတင်းစာ AS က
 ဖော်ပြခဲ့သည်။
 သက်ဆိုင်ရာကလပ်အသင်းများကြား သဘောတူညီမှုရရှိရန် နီးစပ်နေသော်လည်း အေးဂျင့်ဖြစ်သူ ရိုင်အိုလာမှ
 ယင်းအပြောင်းအရွှေ့မှ ကော်မရှင်ခအဖြစ် ယူရိုသန်း ၃၀ အထိ ရရှိရန် အလိုရှိနေသောကြောင့် အပြောင်းအရွှေ့ မှာ ကြန့်ကြာနေခြင်းဖြစ်သည်။

No comments:
Post a Comment