Saturday, July 30, 2016

ရာသီသစ်မစတင်မီ မန်စီးတီးနှင့် အဂွဲရိုး စာချုပ်သက်တမ်းတိုးမည်

ရာသီသစ်မစတင်မီ မန်စီးတီးနှင့် အဂွဲရိုး စာချုပ်သက်တမ်းတိုးမည်
တိုက်စစ်မှူး အဂွဲရိုးသည် လာမည့်ရာသီသစ်မတင်မီ အသင်းနှင့်စာချုပ်သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း
မန်စီးတီးအသင်းက အတည်ပြုခဲ့သည်။
အသက်(၂၈)နှစ်အရွယ်အဂွဲရိုးနှင့် မန်စီးတီးအသင်းတို့ကြားမှ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၁၉ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း စာချုပ်သက်တမ်းတိုးရန် ပြီးခဲ့သည့်ဇန်န၀ါရီလကတည်းက ကနဦးသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
အဂွဲရိုးသည် ၂၀၁၁ခုနှစ်က အက်သလက်တီကိုမှ မန်စီးတီးအသင်းသို့
ပေါင် (၃၈)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး
မန်စီးတီးဘက်က ၎င်းတို့၏ ထိပ်တန်းတိုက်စစ်မှူးကို
အသင်း၌ ကာလရှည်ဆက်နေရန် ဆန္ဒရှိနေကြောင်း သိရသည်။

ထို့ပြင် မန်စီးတီးအသင်းသည် အသက်(၃၁)နှစ်အရွယ် ကွင်းလယ်လူဖာနန်ဒင်ဟိုကိုလည်း စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိသည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည်
ဖာနန်ဒင်ဟိုကို ပြီးခဲ့သည့်ရက်ပိုင်းက ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ဖာနန်ဒင်ဟိုသည် မတူညီသောနေရာ (၁၀)ခုလောက်တွင်
ကစားနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
(ပုံစာ - စာချုပ်သက်တမ်းတိုးရန် နီးစပ်နေသည့် အဂွဲရိုး၊
မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့်အတူတွေ့ရသည့် ဖာနန်ဒင်ဟို)
Photos: Manchester City FC




No comments:

Post a Comment