လက်ရှိချန်ပီယံ မက္ကဆီကိုတို့ အုပ်စုအဆင့်မှထွက်ခဲ့ရ
၂၀၁၆ ရီယိုနွေရာသီအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံး အုပ်စုနောက်ဆုံးပွဲစဉ်
သြဂုတ်(၁၀)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ပြီး နာမည်ကြီး အာဂျင်တီးနားနှင့် လက်ရှိချန်ပီယံ မက္ကဆီကိုအသင်းများမှ အုပ်စုအဆင့်မှ အသီးသီးထွက်ခွာခဲ့
ရကြောင်း သိရသည်။
 အာဂျင်တီးနားအသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် နိုင်ပွဲရရန်လိုအပ်သော်လည်း
သရေကျခဲ့သဖြင့် အုပ်စုတတိယနေရာသာရခဲ့ပြီး မက္ကဆီကိုအသင်းမှာလည်း
နိုင်မှစိတ်ချရမည့်အနေအထားတွင် တောင်ကိုရီးယားကို အရေးနိမ့်ခဲ့ခြင်း
ဖြစ်သည်။
အိုလံပစ်အိမ်ရှင် ဘရာဇီးလ်မှာမူ အုပ်စုနောက်ဆုံးပွဲတွင် ဂိုးပြတ်အနိုင်ရရှိခြင်း
ကြောင့် အုပ်စုပထမနေရာရရှိခဲ့သည်။
ကွာတားဖိုင်နယ်ပွဲများ(၁၃-၈-၂၀၁၆)
----------------
ပေါ်တူဂီ - ဂျာမနီ
နိုင်ဂျီးရီးယား - ဒိန်းမတ်
တောင်ကိုရီးယား - ဟွန်ဒူးရပ်စ်
ဘရာဇီးလ် - ကိုလံဘီယာ
Photo:AFP, Wikipedia

No comments:
Post a Comment