Thursday, August 18, 2016

လီဗာပူးလ်တိုက်စစ်မှူး ဘန်တီကီကို ခရစ္စတယ်ပဲလေ့စ်အသင်း ပေါင်(၃၂)သန်းဖြင့် သဘောတူညီမှုရရှိ

လီဗာပူးလ်တိုက်စစ်မှူး ဘန်တီကီကို ခရစ္စတယ်ပဲလေ့စ်အသင်း
ပေါင်(၃၂)သန်းဖြင့် သဘောတူညီမှုရရှိ
ခရစ္စတယ်ပဲလေ့စ်အသင်းသည် လီဗာပူးလ်အသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘန်တီကီကို ပေါင်(၃၂)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဘန်တီကီသည် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်၏ အနာဂတ်စီမံကိန်းများတွင် ပါဝင်ခြင်းမရှိတော့သည့်အတွက် အသင်းပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ခေါ်ယူလိုသည့်အသင်းများစွာထဲမှ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ခရစ္စတယ်ပဲလေ့စ်အသင်းသည် ဘန်တီကီအတွက် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၂၇)သန်းပေးချေရမည်ဖြစ်ပြီး အောင်မြင်မှုအပေါ်မူတည်၍ နောက်ထပ် (၅)သန်း ပေးချေရမည်ဖြစ်သည့်အတွက် စုစုပေါင်းပြောင်းရွှေ့ကြေးမှာ ပေါင်(၃၂)သန်းအထိ ရောက်ရှိသွားခြင်းလည်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် အက်စတွန်ဗီလာအသင်းထံမှ ပေါင်(၃၂ .၅)သန်းဖြင့် ခေါ်ယူထားသည့် ဘန်တီကီကို အရှုံးခံ၍ ရောင်းချလိုခြင်းမရှိသည့်အတွက် ခရစ္စတယ်ပဲလေ့စ်အသင်း၏ ပေါင်သန်း(၃၀)တန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်းလည်း သိရှိရသည်။
ယခုအခါ ပေါင် (၃၂)သန်းဖြင့် သဘောတူညီမှု ရရှိသွားပြီဖြစ်သည့်အတွက် ဘန်တီကီသည် လန်ဒန်မြို့သို့ သွားရောက်ကာ ဆေးစစ်ဆေးမှု ခံယူနေပြီဖြစ်ပြီး အောင်မြင်ခဲ့ပါက အပြီးသတ်စာချုပ်ချုပ်ဆိုကာ ပဲလေ့စ်အသင်း၏ ယခုတစ်ပတ်ပွဲစဉ်တွင် စတင်ပါဝင်လာဖွယ်ရှိနေသည်။
Photos: Telegraph



No comments:

Post a Comment