အာဆင်နယ် အသင်းနည်းပြ အာစင်ဝင်းဂါးသည် အသင်း၏ နောက်ခံလူ ဂါဘရီယဲလ်၏ ခြေကျင်းဝတ်ဒဏ်ရာ မပြင်းထန်ရန် မျှော်လင့်နေကြောင်း သိရသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က အာဆင်နယ်နှင့် မန်စီးတီး အသင်းတို့ ခြေစမ်းခဲ့ရာ အာဆင်နယ်အသင်းက (၃-၂)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂါဘီယဲလ်မှာ ယင်းပွဲတွင် မန်စီးတီး တိုက်စစ်မှူး အီဟီယန်နာချို၏ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရခဲ့သည်။
 အာဆင်နယ် အသင်း၏ နောက်တန်းတွင် ကိုစီယဲလ်နီ၊ မာတီဆက်ကာတို့လည်း 
ဒဏ်ရာရရှိနေရာ အာစင်ဝင်းဂါးက ဂါဘီယဲလ်၏ ဒဏ်ရာ မပြင်းထန်ရန် 
မျှော်လင့်နေခြင်းဖြစ်သည်။
Photo: Sky Sports
Photo: Sky Sports

No comments:
Post a Comment