Saturday, August 27, 2016

ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူရန် မော်ရင်ဟို မျှော်မှန်း

■ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူရန် မော်ရင်ဟို မျှော်မှန်း

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် လက်ရှိရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို  ရယူရန် မျှော်မှန်းထားကြောင်း သိရသည်။
ထို့ပြင် မော်ရင်ဟိုက လက်ရှိအသင်းစုဖွဲ့မှုဖြင့် ပရီးမီးယားလိဂ် ထိပ်ပိုင်းအဆင့်သို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ပြီး
နောက်ထပ်တန်ဖိုးကြီးခေါ်ယူမှုများ ပြုလုပ်ရန် မလိုအပ်ဟု
ယူဆလျက်ရှိသည်။

'' လက်ရှိလူစာရင်းကို ဟိုဆေးကျေနပ်နေပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ မဟုတ်ပါဘူး။
အမှတ်ပေးပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ပါပဲ။ ဒါကို ကစားသမားတွေ ယုံကြည်ကြဖို့ သူဆန္ဒရှိနေပါတယ်'' မန်ယူအသင်းနှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

မော်ရင်ဟိုက မန်ယူအသင်းကွင်းလယ်တွင် ပေါ့ဘာ၊ ဟာရဲရား၊ ရှနိုက်ဒါလင်၊ ဖယ်လေနီနှင့် ကာရစ်တို့ရှိနေသဖြင့် ရှဝိုင်းစတိုင်ဂါအနေဖြင့် နေရာရရှိရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်းလည်း သုံးသပ်ခဲ့သည်။

(ပုံစာ - မန်ယူအသင်းလေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် နည်းပြ မော်ရင်ဟို)

Photo: Man Utd

No comments:

Post a Comment