ယခုရာသီတွင် အပြောင်းအလဲသစ်များစွာ ပြုလုပ်နေသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ Man of the Match ပွဲစဉ်အလိုက်အကောင်းဆုံးဆုကိုလည်း ဆုတံဆိပ်ပုံစံအသစ် ပြုလုပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆုတံဆိပ်အသစ်မှာ ကွန်ကရစ်တုံးအသွင် အလျားရှည်ရှည်လေးထောင့်တုံးဖြစ်ပြီး အ၀ါရောင်နှင့် အပြာရောင် စပ်ထားသည်။
အ၀ါရောင်ပေါ်တွင် ပရီးမီးယားလိဂ်လိုဂိုပုံ ပါရှိပြီး အောက်ဘက်အပြာရောင်ပေါ်တွင် ပွဲစဉ်အမည်ကို ရေးထိုးထားခြင်းဖြစ်သည်။
 ဗြိတိန်မီဒီယာအချို့က ဆုတံဆိပ်သစ်အပေါ် ပရိသတ်များ၏အမြင်ကို တောင်းခံခဲ့ရာ 
မနှစ်သက်ကြောင်း မဲပေးသူ (၈၀%)ခန့်ရှိခဲ့ကြောင်းလည်း သိရှိရသည်။
ပရိသတ်အချို့က လမ်းပေါ်မှ သတိပေးဘလောက်တုံးနှင့် တူသည်ဟုလည်းကောင်း၊ မုတ်ဆိတ်ရိတ်ပြီး သုတ်လိမ်းရသော ဆေးရည်ထည့်သည့်ဘူးနှင့် တူသည်ဟုလည်းကောင်း လှောင်ပြောင်ခဲ့ကြသည်။
Photos: twitter & Gettyimages
(ပုံစာ - ဝေါလ်ကော့ အကောင်းဆုံးဆု ရရှိခဲ့စဉ်က ဆုတံဆိပ်ပုံစံအဟောင်းနှင့် အ၀ါရောင် ဆုတံဆိပ်အသစ်)

No comments:
Post a Comment