Monday, August 8, 2016

ခရစ္စကိုးလ်မန်း ထွက်ခွာသွားပါက ရိုင်ယန်ဂစ်နှင့် အစားထိုးရန် ဝေးလ်စ် ဘောလုံးအဖွဲ့ချုပ် ပစ်မှတ်ထား

ခရစ္စကိုးလ်မန်း ထွက်ခွာသွားပါက ရိုင်ယန်ဂစ်နှင့် အစားထိုးရန် ဝေးလ်စ် ဘောလုံးအဖွဲ့ချုပ် ပစ်မှတ်ထား
ဝေးလ်စ်ဘောလုံးအဖွဲ့သည် အသင်းနည်းပြ ခရစ္စကိုးလ်မန်း ထွက်ခွာသွားပါက မန်ယူဂန္ထ၀င် တောင်ပံကစားသမား ရိုင်ယန်ဂစ်နှင့် အစားထိုးရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ဝေးလ်စ်အသင်းအား ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီး ဝေးလ်စ်အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး နည်းပြဖြစ်ခဲ့သည့် ခရစ္စကိုးလ်မန်းကို ပရီးမီးယားလိဂ်ကလပ် ဟားလ်စီးတီး အသင်းက ခေါ်ယူရန် ချဉ်းကပ်နေသည်။
ဟားလ်စီးတီးအသင်းသည် ခရစ္စကိုးလ်မန်းအား ဝေးလ်စ်အသင်းတွင် ရရှိနေသည့် လစာ၏ (၃)ဆဖြစ်သည့် တစ်နှစ်လစာ ပေါင်(၁.၅)သန်းဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။
သို့ဖြစ်ရာ ဝေးလ်စ် ဘောလုံးအဖွဲ့ချုပ်သည် ခရစ္စကိုးလ်မန်း ထွက်ခွာသွားပါက အစားထိုးမည့် နည်းပြစာရင်းကို ပြုစုနေပြီး ရိုင်ယန်ဂစ်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
Photo: Express



No comments:

Post a Comment