ဘုန်းမောက် - မန်ယူ (၁၄-၈-၂၀၁၆ ည ၇း၀၀)
ကာလမ်ဝီလ်ဆင်၊ ဂျိုရှူအာကင်း၊ အိုက်ဘ်၊ ဂရာဒယ်လ်တို့ရဲ့တိုက်စစ်ကိုမန်ယူ ခက်ခက်ခဲခဲထိန်းချုပ်ရမှာသေချာတယ်။ မန်ယူခံစစ်ကအခုအချိန်အထိကျစ်လျစ် မှုမရှိသေးဘူး။ ဘုန်းမောက်ကအိမ်ကွင်း မှာတိုက်စစ်ဖွင့်ကစားလေ့ရှိတယ်။ မန်ယူနိုင်ဖို့ရှိပေ မယ့် ဂိုးပြန်ပေးရမယ်။ (၁-၂)ဖြစ်ဖို့များတယ်။
 အာဆင်နယ် - လီဗာပူးလ် (၁၄-၈-၂၀၁၆ ည ၉း၃၀)
ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်၊ ခံစစ်မှူးတစ်ယောက်လိုအပ်နေတဲ့ အာဆင်နယ်အတွက် ရာသီမပိတ်မချင်း ဒီ လူစာရင်းဟာ လုံလောက်မှုရှိရဲ့လားလို့ အစမ်းသပ်ခံရမယ့်ပွဲပါ။ အာဆင်နယ်လူစာရင်းမှာ မာတီဆက်ကာ၊ ဂါဘရီယဲလ်၊ ၀ဲလ်ဘက်တို့မပါနိုင်သလို ဂျရူး၊ အိုဇေးလ်၊ ၀ဲလ်ရှိုင်းယားတို့လည်း မသေချာဘူး။ ကွင်းလယ်မှာ ချာကာ၊ ကာဇိုလာ၊ အယ်လ်နန်နီ တို့တွဲပြီး ချိန်ဘာလိန်၊ ဆန်းချက်ဇ်၊ ဝေါလ်ကော့တို့ တင်ကစားရဖို့များတယ်။ လီဗာပူးလ်က လိုဗရန်နဲ့ ကလာဗန် ခံစစ်အတွဲပဲ ပွဲထွက်လာနိုင်ပြီး ကလိုင်း၊ မော်ရီနိုတို့နဲ့ တွဲမယ်။ ၀ိုင်နယ်လ်ဒမ်းကို မသုံးသေးဘဲ ချန်၊ ဟန်ဒါဆန်တို့က Double Pivot၊ သူတို့ ရှေ့မှာ ကော်တင်ဟိုက Free Role ပုံစံ ကစားမယ်။ မာနေ၊ လယ်လာနာ၊ ဖေမီနိုတို့နဲ့ ပွဲထွက်လာဖို့ရှိတယ်။ လူစုံတက်စုံဆိုရင် အာဆင်နယ်ကို အိမ်ရှင်အားသာချက်နဲ့ အလေးသာပေးချင်ပေမယ့် ဒီလူစာရင်းအတိုင်းဆိုရင်တော့ လီဗာပူးလ်က ပိုပြီး အားရ စရာကောင်းတယ်။ ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီနေပြီလို့လည်း ယူဆရတယ်။ ကလော့ပ်အတွက် ဒီရာသီက စိန်ခေါ်မှုတွေ အပြည့်နဲ့ပါ။ လီဗာပူးလ်တိုက်စစ် အလုပ်ဖြစ်မယ်လို့ ထင်တယ်။ (၁-၁၊ ၁-၂) ရလဒ်တွေကို ကြိုက်တယ်။
စပိန်စူပါဖလား (ပထမအကျော့)
----------------------------
ဆီဗီလာ - ဘာစီလိုနာ (၁၅-၈-၂၀၁၆ နံနက် ၂း၃၀)
ပြီးခဲ့တဲ့ရာသီမှာ ဆီဗီလာနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ ဆုံမှု (၄)ပွဲအထိရှိခဲ့တယ်။ ဘာစီလိုနာက (၃)ပွဲနိုင်ပြီး ဆီဗီလာ က (၁)ပွဲနိုင်ခဲ့တာပါ။ သူ့ကွင်းကိုယ့်ကွင်း ယှဉ်ပြိုင်ကစားတဲ့ (၂)ပွဲမှာ အိမ်ရှင်တွေ အောင်ပွဲခံပြီး ကြားကွင်း(၂)ပွဲစလုံး ဘာစီ လိုနာ အနိုင်ရထားခဲ့တယ်။ ဒါပေမဲ့ ဒီ(၄)ပွဲစလုံးမှာ မိနစ်(၉၀) အတွင်း ရလဒ်ပိုင်းမှာ ဂိုးကွာခြားချက်က (၁)ဂိုးပဲရှိခဲ့ပါတယ်။ ဆီဗီလာက နည်းပြ ဆမ်ပါအိုလီလက်ထဲမှာ တောက်လျှောက် အခြေအနေကောင်းနေတယ်။ ရီးယဲလ်နဲ့ဥရောပါစူပါဖလားပွဲ မှာလည်း နာကျင်အချိန်ပိုရောက်မှ ချေပဂိုးပြန်ပေးရပြီး အချိန် ပိုမှာ တစ်ယောက်လျော့နဲ့ အရေးနိမ့်ခဲ့ရတာပါ။ ဘာစီလိုနာမှာ တော့ နောက်တန်းကလွဲလို့ ကွင်းလယ်နဲ့ တိုက်စစ်မှာ နည်းပြ လူးဝစ်အင်းနရစ်အနေနဲ့ အပြောင်းအလဲ လုပ်ဖို့မရှိဘူ။ ဆီဗီလာ ကွင်းမှာတော့ ဘာစီလိုနာ သရေထက်ပိုဖို့မလွယ်ဘူး။
Eleven Sports

No comments:
Post a Comment