■ ရိုးမား နှင့် အူဒီးနီးစ် (စနေည ၁၀း၃၀ နာရီ)
ရိုးမားရဲ့ ခေါ်ယူမှုတွေက အားရစရာကောင်းတယ်။
ခံစစ်ကို အဓိကထားပြင်ဆင်ထားပြီး ဗာမယ်လန်း၊
ဖာဇီယို၊ ဟွမ်ဂျီးဆက်စ်၊ ဘရူနိုပီရက်စ်တို့ အသင်းကိုရောက်လာတယ်။
အူဒီးနီးစ်က ပြင်ဆင်မှုကြီးကြီးမားမားမရှိဘူး။
ခြေစွမ်းလည်းကွာ တယ်။
လူအင်အားလည်းကွာတယ်။
ရိုးမားကွင်းလည်းဖြစ်နေတယ်။
ဂိုးပြတ်သွားနိုင်တယ်။
 ■ ဂျူ ဗင်တပ်စ် နှင့် ဖီအိုရင်တီးနား (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)
ဂျူဗင်တပ်စ်ရဲ့ နွေရာသီလှုပ်ရှားမှုတွေက အားရစရာကောင်းတယ်။
အသင်းက ခေါင်းတစ်လုံးမက သာနေတဲ့ အနေအ ထားမှာ
အင်အားဖြည့်တင်းမှုတွေကြောင့် ချိန်ခွင်လျှာက ပိုစောင်းသွားနိုင်တယ်။
ပေါ့ဘာထွက်သွားပေမယ့် မာခီစီယို၊ ခီဒီရာ တို့ ရှိနေတဲ့ကွင်းလယ်ကို
ယာနစ်၊ ယာဆာတို့ ထပ်ရောက်လာသလို၊ ခံစစ်မှာ အထိုင်အတွက်
ဘီနာတီယာနဲ့ wing back အတွက် အဲလ်ဗတ်စ်ကို ခေါ်လိုက်နိုင်တယ်။
တိုက်စစ်မှာ ဒီဘားလား၊ မန်ဇူကစ်တို့အပြင်
တကယ်လိုအပ်နေတဲ့ ဖြည့်တင်းမှုအဖြစ် ဟီဂွါအင်ကို ထပ်ရလိုက်တယ်။
မွန်တဲလားရဲ့ ဖီအိုရင်တီးနားက စီးရီးအေမှာ
ထိပ်နားခပ်ကျကျမှာရှိနေတာ သေချာနေပါသေး တယ်။
ဒါပေမဲ့ ဒီပွဲမှာတော့ ဘာမှ မျှော်လင့်လို့ ရမယ် မထင်ဘူး။
အယ်လီဂရီရဲ့ အသင်းက ရာသီအစမှာပဲ နိုင်ပွဲနဲ့စတင်ဖွင့်လှစ်လိမ့်မယ်။ ဂိုးတောင်ပြတ်သွားနိုင်တယ်။

No comments:
Post a Comment