Friday, August 19, 2016

အီဘရာဟီမိုဗစ်ရဲ့  ဂိုးတွေနဲ့အတူ နိုင်ပွဲဆက်ခဲ့တဲ့ မန်ယူ

အီဘရာဟီမိုဗစ်ရဲ့  ဂိုးတွေနဲ့အတူ နိုင်ပွဲဆက်ခဲ့တဲ့ မန်ယူ
ပရီးမီးယားလိဂ်ပွဲစဉ်(၂)ရဲ့ ပထမဆုံးပွဲအဖြစ် မန်ယူနဲ့ဆောက်သမ်တန်တို့ ယှဉ်
ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက ၀ါရင့်တိုက်စစ်မှူးအီဘရာဟီဗစ်ရဲ့ဂိုးတွေနဲ့ အတူ ဆောက်သမ်တန်ကို (၂-၀)ဂိုးနဲ့အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။ အခုပွဲ
မှာ ပရိသတ်တွေ မျှော်လင့်စောင့်စားခဲ့တဲ့ ပေါ့ဘာ ပွဲထွက်ကစားသမားအဖြစ်
ပါဝင်ခဲ့ပြီး ကွင်းလယ်မှာ အကောင်းဆုံးကစားသွားနိုင်တာကိုလည်း တွေ့ရပါ တယ်။ ပေါ့ဘာဟာ ၂၀၁၂၊ မတ်လ(၁၈)ရက်က ၀ုလ်ဗ်ကို (၅-၀)ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူအသင်းအတွက် နောက်ဆုံးကစားခဲ့ပြီး စုစုပေါင်း
(၁၆၁၆)ရက်အကြာမှ မန်ယူကစားသမားအဖြစ် ပြန်လည်ကစားခဲ့ တာလည်းဖြစ်ပါတယ်။ ဒီပွဲမှာ ပေါ့ဘာရဲ့ အတိုးအလှုပ်တွေကို ဆောက်သမ် တန်ကစားသမားတွေ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရသလို၊ သူ့ကြောင့် ပြိုင်ဘက်
အသင်းကွင်းလယ်မှာ နေရာလွတ်တွေ အများကြီးဖြစ်ခဲ့ရတယ်။

ပွဲအစပိုင်းမှာ ဆောက်သမ်တန်အသင်းရဲ့ ကစားပုံ ကောင်းမွန်ခဲ့သလို၊
မန်ယူက ခံစစ်ကစားသမားတွေ နေရာလွတ်တွေ အများကြီးရှိနေခဲ့တာကြောင့်
ဂိုးသွင်းခွင့်တချို့တောင်ရခဲ့ပါတယ်။ နောက်ပြီး မန်ယူကစားသမားတွေဟာ တစ်ချက်တစ်ချက်ကျရင် အချင်းချင်း နားလည်မှုလွဲနေတာကြောင့် ဆောက်သမ်
တန်အသင်းကို အခွင့်ရေးပေးသလိုဖြစ်ခဲ့တယ်။ ဒါပေမဲ့ တစ်ဦးချင်းကောင်းတဲ့
ကစားသမားတွေကြောင့် မန်ယူအသင်း ဂိုးစတင်ရခဲ့ပြီး (၃၆)မိနစ်မှာ ရွန်နီ တင်ပေးလိုက်တဲ့ဘောလုံးကို အီဘရာဟီမိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။
မန်ယူအသင်းအနေနဲ့ နောက်ထပ်ဂိုးတွေရဖို့ အခွင့်အရေးရှိခဲ့ပေမယ့်လည်း
မာစီယဲလ် လွဲချော်နေတာကြောင့် ဒုတိယပိုင်း(၅၂)မိနစ်ကျမှ ဒုတိယဂိုးရခဲ့
တယ်။ ပယ်နယ်တီဧရိယာအတွင်း ဆွဲဝင်လာတဲ့ လုခ်ရှောကို ကလာစီ တွန်းခဲ့
သလိုဖြစ်သွားတာကြောင့် ဒိုင်လူကြီးက ပယ်နယ်တီပေးခဲ့ပြီး အီဘရာဟီမိုစ် ကပဲ ထပ်မံကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီပယ်နယ်တီဟာ မပေးလို့လည်း
ရတဲ့အနေအထားကြောင့် အငြင်းပွားစရာတော့ဖြစ်ခဲ့ပါတယ်။ အဲဒီပယ်နယ်တီ
မတိုင်ခင် ဆောက်သမ်တန် ဂိုးသွင်းခဲ့ပေမယ့် လူကျွံဘောဖြစ်ခဲ့လို့ နစ်နာခဲ့ရ တယ်။ လက်ကျန်မိနစ်တွေမှာ နှစ်သင်းစလုံးဂိုးမသွင်းနိုင်ခဲ့လို့ (၂-၀)နဲ့ ပွဲပြီးခဲ့
ပြီး မန်ယူအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ တာထွက်ကောင်းနေဆဲလို့
ဆိုရမှာပါ။



No comments:

Post a Comment