ဝက်စ်ဟမ်းအသင်း၏ တိုက်စစ်ကစားသမား အန်ဒရေအာယူးသည် ရာသီအဖွင့်
ချယ်လ်ဆီးနှင့်ပွဲတွင် ရရှိသည့် ပေါင်ကြွက်သားဒဏ်ရာကြောင့် (၄)လအနားယူရမည်ဖြစ်ကြောင်း သိရသည်။
 အန်ဒရေအာယူးမှာ ချယ်လ်ဆီးနှင့်ပွဲတွင် ဟာဇက်နှင့်ယှဉ်ပြေးပြီး ဘောလုံးဖျက်
ထုတ်ရာမှ ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး လာမည့် ခရစ္စမတ်ကာလအထိ
ဘောလုံးပြန်ကစားနိုင်ဖွယ်မရှိပေ။
ဝက်စ်ဟမ်းအသင်းသည် အန်ဒရေအာယူးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး
ပေါင် (၂၀.၅)သန်းဖြင့်ခေါ်ယူခဲ့ပြီး စာချုပ်ချုပ်ဆိုအပြီး (၁၀)ရက်အကြာမှာပင်
ကာလရှည်အနားယူရမည့်သတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
Photo:Gettyimages

No comments:
Post a Comment