ချယ်လ်ဆီး နှင့် ၀က်စ်ဟမ်း (အင်္ဂါ နံနက် ၁း၃၀)
ချယ်လ်ဆီးလူစာရင်းမှာ ဇူးမားက လွဲပြီး အကုန်လုံးကြံ့ခိုင်မှု ပြည့်နေကြပြီ။ ကွင်းလယ်မှာ ကွန်တေနဲ့ မာတစ် တွဲသုံးဖို့များတယ်။ ဖာဘရီဂတ်စ် Line-up ပျောက်နေနိုင်တယ်။ တောင်ပံနှစ်ဖက်မှာ ၀ီလီယံနဲ့ ပုံစံကောင်းပြန်ရနေတဲ့ ဟာဇက်၊ တိုက်စစ်မှာ ဒီယေဂိုကော်စတာနဲ့ ဘတ်ရှူအာယီ ပွဲထွက်လာနိုင်တယ်။ ခံစစ်က တချို့ကစားသမားတွေ ခြေစွမ်းပြနိုင်ပါဦးမလားလို့ ယူဆစရာရှိတာကလွဲရင် အားရစရာအနေအထားကို တွေ့နေရတယ်။ ၀က်စ်ဟမ်းက မနှစ်က ခြေစွမ်းပြခဲ့တဲ့အသင်းပါ။ ချယ်လ်ဆီးကိုလည်း ဒုက္ခပေးနိုင်ခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ ရာသီချင်းမတူတော့သလို၊ အခြေအနေချင်း၊ စိတ်ဓာတ်ချင်းလည်း မတူတော့ဘူး။ အိမ်ကွင်းရာသီ အဖွင့်ပွဲစဉ်ကို အရှုံးပေးရရင် မနှစ်ကလိုပြန်ဖြစ်ဦးမလားဆိုတဲ့ ဖိအားဝင်သွားနိုင်တယ်။ ဒီအခြေအနေကို ချယ်လ်ဆီး ရှောင်လွှဲ နိုင်ဖို့ ကြိုးစားလိမ့်မယ်။ ကွန်တီကလည်း လိဂ်ပြိုင်ပွဲတွေမှာ မဟာဗျူဟာနဲ့ Tempo ချိန်တတ်တဲ့ နည်းပြမျိုးပါ။ ချယ်လ်ဆီး အခက်အခဲ သိပ်မရှိဘဲ နိုင်လိမ့်မယ်။ (၂-၀၊ ၂-၁)ပဲ။
 Photo: AFP
No comments:
Post a Comment