ယာယာတိုရေး မပါဝင်
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် စတူအာဘူခါရက်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ် Play-off ပထမအကျော့ပွဲစဉ်အတွက် လူစာရင်းတွင် ကွင်းလယ်လူ ယာယာတိုရေး အားထည့်သွင်းခဲ့ခြင်းမရှိကြောင်း သိရသည်။
 ယာယာတိုရေးသည် ပရီးမီးယားလိဂ်ပွဲစဉ်(၁)တွင် အရံစာရင်း၌ပင် မပါဝင်ခဲ့သလို၊ 
ရိုမေးနီးယားသို့ ထွက်ခွာသွားသည့် (၂၁)ဦးစာရင်းမှလည်း 
ထပ်မံချန်လှပ်ခံရခြင်းဖြစ်သည်။ 
ယာယာတိုရေးမှာ လေ့ကျင့်ခန်း ကောင်းစွာဆင်းနိုင်သော်လည်း ၎င်းင်းအားပွဲထုတ်ရန် မသေချာ၍ ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ဂွါဒီယိုလာက ဆိုခဲ့သည်။
မန်စီးတီးအသင်း လူစာရင်း
ဂိုး - ဂျိုးဟတ်၊ ကာဘယ်လာရို၊ အန်ဂတ်စ်ဂန်း
နောက်တန်း - ဆက်ဂ်နာ၊ ဇာဘလက်တာ၊ ကိုလာရော့ဗ်၊ ကလစ်ချီ၊ စတုန်းစ်၊
အာဒါရာဘိုင်ယို၊ အန်ဂျယ်လီနို
အလယ်တန်း - ဖာနန်ဒို၊ စတာလင်၊ နာဗတ်စ်၊ ဒီဘရိုင်း၊ ဒဲ့လ်ဖ်၊ ဒေးဗစ်ဆေးလ်ဗား၊ ဖာနန်ဒင်ဟို
ရှေ့တန်း - နိုလီတို၊ အဂွဲရိုး၊ အီဟီယန်နာချို
Photo:ESPN

No comments:
Post a Comment