Monday, August 8, 2016

ဆင်ကလဲယား ဆဲလ်တစ်အသင်းသို့ ပြောင်းရွှေ့

အက်စတွန်ဗီလာ တောင်ပံကစားသမား ဆင်ကလဲယား ဆဲလ်တစ်အသင်းသို့ ပြောင်းရွှေ့
အက်စတွန်ဗီလာ တောင်ပံကစားသမား ဆင်ကလဲယားသည် လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာ ကိုင်တွယ်နေသည့် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ဆဲလ်တစ်အသင်းသည် အသက်(၂၇)နှစ်အရွယ်ရှိ အင်္ဂလန် တောင်ပံကစားသမား ဆင်ကလဲယားအတွက် ပြောင်းရွှေ့ကြေး ပေါင်(၄.၅)သန်း ပေးချေခဲ့ရပြီး (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ဆဲလ်တစ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက သူသည် ချယ်လ်ဆီး၊ မန်စီးတီးအသင်းတို့၏ ကစားသမားဟောင်း ဆင်ကလဲယားနှင့် အကြောင်းကို ကောင်းစွာသိ၍ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ချယ်လ်ဆီးအသင်းမှာ သူနဲ့ ကျွန်တော် ဆုံခဲ့တုန်းက သူက (၁၆)နှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော်က သူ့အကြောင်း ကောင်းစွာသိသလို၊ သူ့ရဲ့ အရည်အချင်းကိုလည်း ကောင်းစွာသိပါတယ်"ဟု ဘရန်ဒန်ရော်ဂျာက ဆိုခဲ့သည်။
Photo: celticfc


No comments:

Post a Comment