အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဂျာမန်ကွင်းလယ်လယ်တိုက်စစ်ကစားသမား နဘရီကို အသင်းတွင် ဆက်ထိန်းထားလိုကြောင်း ၀န်ခံပြောကြားခဲ့သည်။
အသက်(၂၁)နှစ်အရွယ်ရှိ နာဘရီသည် ၂၀၁၁ ခုနှစ်ကတည်းက အာဆင်နယ်အသင်းသို့ စတင်ရောက်ရှိခဲ့သော်လည်း အာဆင်နယ်အသင်းကြီးတွင် နေရာရခြင်းမရှိသေးဘဲ (၁၀)ပွဲသာ ကစားခွင့်ရရှိထားသည်။
 
သို့သော် နာဘရီသည် ယခုရီယိုအိုလံပစ်ပြိုင်ပွဲတွင် ဂျာမနီအသင်းအတွက် 
ခြေစွမ်းပြကစားလျက်ရှိပြီး (၅)ပွဲ၌ (၆)ဂိုးသွင်းယူထားသည့်အတွက် 
ဂျာမန်ကလပ်အသင်းများက ၎င်းအားခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
ယင်းကဲ့သို့ စိတ်ဝင်စားနေသည့်အသင်းများထဲတွင် ဟာသာဘာလင်အသင်းက ထိပ်ဆုံးမှရှိနေပြီး အပြီးသတ်ခေါ်ယူနိုင်ခြင်းမရှိလျှင်ပင် အငှားဖြင့်ခေါ်ယူရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။
နာဘရီသည် အာဆင်နယ်အသင်းနှင့် လာမည့်နှစ်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် အာစင်ဝင်းဂါးက အသင်းတွင် ဆက်ထိန်းသွားလိုကြောင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
အာဆင်နယ်အသင်းသည် နာဘရီကို စတုဂတ်အသင်းထံမှ ခေါ်ယူခဲ့စဉ်က ပေါင်(၁)သိန်းသာ ပေးချေခဲ့ရကြောင်းလည်း သိရှိရသည်။
Photos:Gettyimages, twitter & reuter
 
No comments:
Post a Comment