ပရီးမီးယားလိဂ်ပွဲစဉ်(၁)ရဲ့ ပွဲကျန်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ၀က်စ်ဟမ်း အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ ကွန်တေ ၀င်ရောက်ကစားပြီး ဖာဘရီဂတ်စ် အရံခုံပေါ် ရောက်ခဲ့တာကလွဲရင် လူစာရင်းနဲ့ ကစားကွက် အပြောင်းအလဲ ကြီးကြီးမားမား မရှိခဲ့ပါဘူး။
 
ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ ချယ်လ်ဆီးအသင်း 
ပယ်နယ်တီရခဲ့ပြီး ဟာဇက်က သွင်းယူခဲ့ပါတယ်။ ၀က်စ်ဟမ်းကတော့ (၆၇)မိနစ်မှာ 
ပါယက် လူစားထိုး ၀င်ရောက်လာပြီးနောက်ပိုင်း ကစားပုံ တက်လာပြီး (၇၇)မိနစ်မှာ
 နောက်ခံလူ ကောလင်းက ချေပဂိုး သွင်းယူခဲ့ပါတယ်။
သရေကျသွားချိန်မှာ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ပတ်ဒရို၊ မိုဆက်စ်၊ ဘတ်ရှူအာယီတို့ကို ထည့်သွင်းကာ တိုက်စစ်မြှင့်တင်ခဲ့ပါတယ်။ (၈၉)မိနစ်မှာတော့ ဘတ်ရှူအာယီ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဒီယေဂိုကော်စတာက ပယ်နယ်တီ ဧရိယာပြင်ပကနေ ကန်သွင်းပြီး ချယ်လ်ဆီး အနိုင်ရကာ နည်းပြ ကွန်တီ တာထွက်လှခဲ့ပါတယ်။
 
ပွဲရလဒ်
ချယ်လ်ဆီး ၂-၁ ၀က်စ်ဟမ်း
Photo: DailyMail

No comments:
Post a Comment