ယခုရာသီမှာ ၄င်း၏အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု အာစင်ဝင်းဂါး ၀န်ခံ
 အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက လာမည့်နှစ်တွင် အသင်းနည်းပြရာထူးနေရာ၌ 
ဆက်ရှိ၊ မရှိမှာ ယခုရာသီရလဒ်များအပေါ်တွင် မူတည်နေကြောင်း 
ထုတ်ဖော်ပြောကြားခဲ့သည်။
 သို့သော်လည်း အသင်းနှင့်ယခုရာသီကုန်တွင် 
စာချုပ်သက်တမ်းပြည့်မည့် အာစင်ဝင်းဂါးက အာဆင်နယ်အသင်းမှ 
ထွက်ခွာခဲ့ရလျှင်တောင်မှ နည်းပြလောကမှ အနားယူဦးမည်မဟုတ်သေးကြောင်း 
ဝန်ခံခဲ့သည်။

No comments:
Post a Comment