Saturday, August 20, 2016

စနေနေ့ည ပွဲပြီးရလဒ်များ

■ တစ်မှတ်စီခွဲယူပြီး နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ကြတဲ့ လက်စတာနဲ့ အာဆင်နယ်
ပရီးမီးယားလိဂ် ပွဲစဉ်(၂) စနေည နောက်ဆုံးပွဲစဉ်အဖြစ် လက်စတာနဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၀)ဂိုး သရေကျပြီး တစ်မှတ်စီခွဲယူခဲ့ကြပါတယ်။ လက်စတာနဲ့ အာဆင်နယ်တို့ဟာ အဖွင့်ပွဲမှာ ရှုံးပွဲတွေ့ခဲ့ကြတာကြောင့် နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရတာပါ။
လက်စတာအသင်းရဲ့ ကွင်းလယ်မှာ ကစားသမားသစ် မန်ဒီ ၀င်ရောက် ကစားခဲ့ပြီး တိုက်စစ်မှူးသစ် မူဆာကတော့ လူစားထိုးသာ ကစားခဲ့ပါတယ်။ အဖွင့်ပွဲမှာ လီဗာပူးလ်ကို (၄)ဂိုးပေးခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့ ခံစစ်က ကိုစီယဲလ်နီ ပြန်ပါလာတာကြောင့် တည်ငြိမ်ခဲ့ပြီး Clean Sheet ရယူနိုင်ခဲ့ပါတယ်။
နှစ်သင်းစလုံး အဆုံးသတ်အားနည်းခဲ့ပြီး လက်စတာအသင်းက တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်သာ ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လက်စတာက အန်ဒီကင်း၊ အူယိုအာ၊ မူဆာတို့ကို ထည့်သွင်းပြီး အပြောင်းအလဲ လုပ်ခဲ့သလို၊ အာဆင်နယ်ကလည်း ၀ဲလ်ရှိုင်းယား၊ အိုဇေးလ်၊ ဂျရူးတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။
လာလီဂါ အဖွင့်ပွဲမှာတော့ ဘာစီလိုနာအသင်းက လူမစုံပေမယ့် ဘက်တစ်အသင်းကို သက်သောင့်သက်သာ ကစားပြီး (၆-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က ဒီပွဲမှာ ဟက်ထရစ်ရခဲ့ပြီး မက်ဆီကလည်း နှစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။
■ ပရီးမီးယားလိဂ်ရလဒ်များ
စတုတ်စီးတီး ၁-၄ မန်စီးတီး
ဆွမ်ဆီး ၀-၂ ဟားလ်စီးတီး
စပါး ၁-၀ ခရစ္စတယ်ပဲလေ့စ်
ဝက်ဖို့ဒ် ၁-၂ ချယ်လ်ဆီး
ဝက်စ်ဘရွန်း ၁-၂ အဲဗာတန်
ဘန်လေ ၂-၀ လီဗာပူးလ်
လက်စတာ ၀-၀ အာဆင်နယ်
■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ရှက်ဖီးဝင်းစ်ဒေး ၀-၂ လိဒ်စ်
ဘာမင်ဂမ် ၁-၃ ၀ုလ်ဗ်
ဘလက်ဘန်း ၂-၂ ဘာတန်
ဘရစ္စတိုးလ်စီးတီး ၀-၁ နယူးကာဆယ်
ဖူလ်ဟမ် ၂-၂ ကာဒစ်ဖ်
ဟတ်ဒါဖီးလ် ၂-၁ ဘန်စလေ
နော်တင်ဟမ် ၄-၃ ၀ီဂန်
QPR ၀-၂ ပရက်စတန်
ရက်ဒင်း ၂-၂ ဘရိုက်တန်
ရော့သာဟမ် ၁-၀ ဘရန့်ဖို့ဒ်
ဒါဘီ ၀-၀ အက်စတွန်ဗီလာ
■ လာလီဂါ ရလဒ်များ
ဘာစီလိုနာ ၆-၂ ဘက်တစ်
ဂရန်နာဒါ ၁-၁ ဗီလာရီးယဲလ်
ဆီဗီလာ ၆-၄ အက်စ်ပန်ညို
■ ပြင်သစ်လီဂူး ရလဒ်များ
နန့်စ် ၀-၁ မိုနာကို
လော်ရီယန့် ၀-၃ ဘတ်စတီယာ
လိုင်လီ ၁-၀ ဒီယွန်း
တူးလူး ၄-၁ ဘော်ဒိုး
အန်ဂါစ် ၀-၁ နိုက်စ်
ရန်းစ် ၂-၀ နန်စီ
■ စီးရီးအေ ရလဒ်များ
ရိုးမား ၄-၀ အူဒီးနီးစ်
ဂျူဗင်တပ်စ် ၂-၁ ဖီအိုရင်တီးနား
Photos: DailyMail

No comments:

Post a Comment