ပရီးမီးယားလိဂ်အသင်းများ၏ အပြောင်းအရွှေ့အသုံးစရိတ်မှာ ပေါင်သန်း(၈၅၀)ကျော်ရှိလာပြီး ကြိုတင်ခန့်မှန်းထားသည့် ပေါင်(၁)ဘီလီယံ စံချိန်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိနေကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်သော မန်ယူနှင့် မန်စီးတီးအသင်းတို့က ပေါ့ဘာနှင့် ဂျွန်စတုန်းစ်တို့ကို ခေါ်ယူခဲ့ပြီးနောက် ယခုပမာဏသို့ ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။
 
စုစုပေါင်း ပေါင်(၈၅၅)သန်း ရှိလာခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နွေရာသီက 
ပေါင်သန်း(၈၇၀)ကို လိုက်မီရန်မှာ သေချာသလောက်ရှိသွားခဲ့ပြီဖြစ်သည်။
ထို့ပြင် ပရီးမီးယားလိဂ်သည် တန်ဖိုးမြင့်မားသည့်ကစားသမားများကို ပိုမိုခေါ်ယူလာခဲ့ခြင်းကြောင့် ကစားသမားတစ်ဦးချင်းအလိုက် ပျမ်းမျှပြောင်းရွှေ့ကြေးတန်ဖိုးမှာလည်း ပေါင်(၁၀)သန်းကျော်အထိ မြင့်တက်ပြီး စံချိန်သစ်ဖြစ်လာခဲ့သည်။
Photos: twitter

No comments:
Post a Comment