■ မန်ယူနောက်ခံလူ ဘလက်ကတ် ရက်ဒင်းအသင်းသို့ ပြောင်းရွှေ့
မန်ယူအသင်း၏လူငယ်နောက်ခံလူ ဘလက်ကတ်သည် လိဂ်ချန်ပီယံရှစ် ကလပ် ရက်ဒင်းအသင်းသို့ (၃)နှစ်စာချုပ်ဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့ကြောင်း
သိရသည်။
(၂၂)နှစ်အရွယ်ရှိ ဘလက်ကတ်မှာ နည်းပြဟောင်း ဗန်ဟားလက်ထက် ၂၀၁၄၊ သြဂုတ်လက မန်ယူအသင်းတွင် ပွဲထွက်ခွင့်ရပြီး ပြီးခဲ့သည့်ရာသီကမူ ဆဲလ်တစ်အသင်းတွင် ခြောက်လအငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့ရသည်။
ရက်ဒင်းအသင်းသည် ယခုနွေရာသီတွင် အသင်းကို အားအင်ဖြည့်တင်းမှုများ လုပ်ဆောင်နေကာ ဘလက်ကတ်အားခေါ်ယူမှုသည် (၁၁)ဦးမြောက်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း လက်စတာစီးတီးအသင်းမှ လီယမ်မိုးကို ခေါ်ယူ
ထားခဲ့သည်။
Photo:Readingfc
 
No comments:
Post a Comment