Wednesday, August 24, 2016

မန်ယူအသင်းသည် ၎င်း၏နောက်ဆုံးဥရောပကလပ်အသင်းဖြစ်ကြောင်း ပရိသတ်များကို ရှဝိုင်းစတိုင်ဂါ အသိပေး

■ မန်ယူအသင်းသည် ၎င်း၏နောက်ဆုံးဥရောပကလပ်အသင်းဖြစ်ကြောင်း ပရိသတ်များကို ရှဝိုင်းစတိုင်ဂါ အသိပေး

မန်ယူအသင်းမှ ဂျာမန်ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါက မန်ယူအသင်းသည် ၎င်း၏နောက်ဆုံးဥရောပကလပ်အသင်းဖြစ်ကြောင်း ပရိသတ်များကို အသိပေးခဲ့သဖြင့်
မန်ယူအသင်းမှ ထွက်ခွာခဲ့ရပါက
ဥရောပပြင်ပ(အမေရိက သို့မဟုတ် အာရှဒေသ)သို့ ထွက်ကစားဖွယ်ရှိနေကြောင်း သိရသည်။
နည်းပြမော်ရင်ဟိုလက်ထက်တွင် ရှဝိုင်းစတိုင်ဂါ၏ မန်ယူအသင်းအနာဂတ်မှာ မရေမရာဖြစ်နေပြီး မန်ယူအသင်းအနေဖြင့် ပြောင်းရွှေ့ကြေးပေါင်(၂)သန်း ရရှိလျှင်ပင်
ရှဝိုင်းစတိုင်ဂါကို ရောင်းချသွားဖွယ်ရှိနေကြောင်း ဂျာမန်မီဒီယာများကဖော်ပြခဲ့သည်။

ယခုအခါ ရှဝိုင်းစတိုင်ဂါက ၎င်း၏ Twitter မှတစ်ဆင့် '' မန်ယူအသင်းဟာ ကျွန်တော့်ရဲ့ နောက်ဆုံးဥရောပကလပ်အသင်းဖြစ်လာပါလိမ့်မယ်။
တခြားအသင်းတွေကို ကျွန်တော်လေးစားမှုရှိပါတယ်။
မန်ယူအသင်းကြောင့်သာ ဘိုင်ယန်မြူးနစ်ကို ကျွန်တော်စွန့်ခွာခဲ့တာပါပဲ။
အသင်းကသာ အလိုရှိဦးမယ်ဆို ကျွန်တော့်ဘက်က အဆင်သင့်ပါ။
ဒါဟာ ကျွန်တော့်ရဲ့ လက်ရှိအနေအထားနဲ့ပတ်သက်ပြီး ကျွန်တော်ပြောနိုင်သမျှအားလုံးပါပဲ။
ကျွန်တော့်ကို အံ့အားသင့်ဖွယ် အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်'' ဟုပြောကြားခဲ့သည်။

(ပုံစာ - မန်ယူအသင်းအတွက် ကစားပေးခဲ့စဉ်က ရှဝိုင်းစတိုင်ဂါကို တွေ့ရစဉ်၊
မန်ယူအသင်း၏ အိမ်ကွင်းပွဲစဉ်ကို လာရောက်အားပေးနေသည့် ရှဝိုင်းစတိုင်ဂါ)

Photos: EPA, Twitter

No comments:

Post a Comment