■ ချယ်လ်ဆီး၊ လီဗာပူးလ်၊ အဲဗာတန် အစရှိတဲ့ အသင်းကြီးတွေ နောက်တစ်ဆင့် တက်ခဲ့တဲ့ လိဂ်ဖလားဒုတိယအဆင့်
လိဂ်ဖလား ဒုတိယအဆင့် ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ချယ်လ်ဆီး၊ လီဗာပူးလ်၊ အဲဗာတန် အစရှိတဲ့ ပရီးမီးယားလိဂ် အသင်းကြီးတွေ နောက်တစ်ဆင့် တက်ခဲ့ကြပါတယ်။
ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ League One ကလပ် ဘရစ္စတိုးလ်ရိုဗာ အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းဟာ အဓိက ကစားသမားအများစုကို အနားပေးခဲ့ပေမယ့် ပွဲထွက်ကစားခဲ့တဲ့ ဘတ်ရှူအာယီ(၂၉၊ ၄၁ မိနစ်)၊ မိုဆက်စ်(၃၁ မိနစ်)တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။
လီဗာပူးလ်အသင်းကလည်း လိဂ်ချန်ပီယံရှစ်ကလပ် ဘာတန်ရဲ့ ကွင်းမှာ (၅-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ မာနေ၊ အော်ရီဂီ၊ ဖေမီနိုတို့ ပွဲထွက်လာပြီး စတာရစ်ခ်ျ၊ ၀ိုင်နယ်လ်ဒမ်းတို့လည်း လူစားဝင် ကစားခဲ့ပါတယ်။ လီဗာပူးလ် အသင်းအတွက် ဂိုးတွေကို အော်ရီဂီ(၁၅ မိနစ်)၊ ဖေမီနို(၂၂ မိနစ်)၊ စတာရစ်ခ်ျ (၇၈၊ ၈၃ မိနစ်) တို့က သွင်းယူခဲ့ပြီး ကျန်တစ်ဂိုးကတော့ (၆၁)မိနစ်မှာ ဘာတန် နောက်ခံလူ တေလာ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာပါ။
အဲဗာတန်အသင်းကလည်း အိမ်ကွင်းမှာ League Two ကလပ် ယိုဗယ်လ် အသင်းကို လန်နွန်(၂၈ မိနစ်)၊ ဘာကလေ(၆၉ မိနစ်)၊ ကိုနေး(၈၃၊ ၉၁ မိနစ်) တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
■ လိဂ်ဖလား ဒုတိယအဆင့် ရလဒ်များ
ခရစ္စတယ်ပဲလေ့စ် ၂-၀ ဘလက်ပူးလ်
QPR ၂-၁ ရို့ခ်ျဒေးလ်
စကန်သော့ပ် ၁-၂ ဘရစ္စတိုးလ်စီးတီး
(မိနစ် ၉၀ ၁-၁၊ အချိန်ပိုတွင် ဘရစ္စတိုးလ်စီးတီး နိုင်)
ဝက်ဖို့ဒ် ၁-၂ ဂီလင်ဟမ်
(မိနစ် ၉၀ ၁-၁၊ အချိန်ပိုတွင် ဂီလင်ဟမ် နိုင်)
ပီတာဘရော့ ၁-၃ ဆွမ်ဆီး
အဲဗာတန် ၄-၀ ယိုဗယ်လ်
မီဝေါလ် ၁-၂ နော်တင်ဟမ်
လူတန် ၀-၁ လိဒ်စ်
ချယ်လ်ဆီး ၃-၂ ဘရစ္စတိုးလ်ရိုဗာ
ဘာတန် ၀-၅ လီဗာပူးလ်
ဘလက်ဘန်း ၄-၃ ခရူဝီ
(မိနစ် ၉၀ ၃-၃၊ အချိန်ပိုတွင် ဘလက်ဘန်း နိုင်)
ပရက်စတန် ၂-၀ အိုးလ်ဟမ်း
အောက်စဖို့ဒ် ၂-၄ ဘရိုက်တန်
နယူးကာဆယ် ၂-၀ ချယ်လ်တင်ဟမ်
အိတ်စ်တာ ၁-၃ ဟားလ်စီးတီး
ဒါဘီ ၁-၁ ကယ်လိုင်း
(မိနစ် ၉၀ ၁-၁၊ ပယ်နယ်တီတွင် ဒါဘီ နိုင်)
နော်သမ်တန် ၂-၂ ၀က်စ်ဘရွန်း
(မိနစ် ၉၀ ၂-၂၊ ပယ်နယ်တီတွင် နော်သမ်တန် နိုင်)
ဝုလ်ဗ် ၂-၁ ကမ်းဘရစ်ခ်ျ
စတီဗန်နေ့ခ်ျ ၀-၄ စတုတ်စီးတီး
နောဝစ်ခ်ျ ၆-၁ ကိုဗင်ထရီ
ရက်ဒင်း ၂-၂ MK ဒွန်းစ်
(မိနစ် ၉၀ ၁-၁၊ အချိန်ပို ၂-၂၊ ပယ်နယ်တီတွင် ရက်ဒင်း နိုင်)
Photos: AFP
 
 
No comments:
Post a Comment