Tuesday, August 16, 2016

ရီးယဲလ်သို့ ပြန်ရောက်လာသည့် မိုရာတာ၏မိတ်ဆက်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရီးယဲလ်သို့ ပြန်ရောက်လာသည့် မိုရာတာ၏မိတ်ဆက်ပွဲအခမ်းအနား
ကျင်းပပြုလုပ် ရီးယဲလ်အသင်းသည် ဂျူဗင်တပ်စ်အသင်းမှ ပြန်လည်ရောက်ရှိလာသည့် စပိန် တိုက်စစ်မှူး မိုရာတာကို ပြီးခဲ့သည့် တနင်္လာနေ့က ဘာနေဗျူးကွင်းတွင် မိတ်ဆက်ပွဲပြု လုပ်ခဲ့ကြောင်း သိရှိရသည်။
ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ''မင်း ရဲ့အိမ်ကို ပြန်ရောက်လာတာပါ။ မင်းမှာရှိတဲ့ အစွမ်းအစတွေ ပြန်လည်ပေးဆပ်ဖို့ အချိန် ရောက်လာပါပြီ'' ဟု ပြောကြားခဲ့သည်။ မိုရာ တာကလည်း ''ကျွန်တော့်အတွက် အလွန်ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်နေ့ပါ။ ဒီအ သင်းနဲ့ ဝေးကွာနေတဲ့အချိန်တွေက ရှည်လျားလွန်းခဲ့ပါတယ်။ အခုလို ပြန်ရောက်လာ တဲ့အချိန်မှာ ကျွန်တော်တတ်စွမ်းသမျှ အ သင်းအတွက် ပေးဆပ်သွားဖို့ ရည်ရွယ်ထားပါ တယ်''ဟု ဆိုခဲ့သည်။
ရီးယဲလ်အသင်းသည် မိုရာတာကို ကျောနံပါတ်(၂၁)ပေးအပ်ခဲ့ပြီး ပရိသတ်အများအပြားကလည်း ၎င်းကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ စပိန်လာလီဂါပြိုင်ပွဲမှာ ယခုလာမည့် အပတ်တွင် စတင်မည်ဖြစ်ပြီး မိုရာတာသည် ရီးယဲလ်အသင်း၏ လာလီဂါအဖွင့်ပွဲစဉ်တွင် ပွဲထွက်ခွင့်ရဖွယ်ရှိနေကြောင်း သိရှိရသည်။
မိုရာတာနှင့် သူ၏ချစ်သူ ကမ်ပယ်ယို(Photo:Gettyimages)

No comments:

Post a Comment