Wednesday, August 31, 2016

နောက်ခံလူဟောင်း ဒေးဗစ်လူးဝစ်ဇ်ကို ချယ်လ်ဆီး ပြန်လည်ခေါ်ယူ

Breaking News
----------------------
■ နောက်ခံလူဟောင်း ဒေးဗစ်လူးဝစ်ဇ်ကို ချယ်လ်ဆီး ပြန်လည်ခေါ်ယူ

ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏နောက်ခံလူဟောင်း ဒေးဗစ်လူးဝစ်ဇ်ကို
ပေါင်(၃၂)သန်းဖြင့် ခေါ်ယူရန် PSG အသင်းနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း
သိရသည်။

ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်သည် ၂၀၁၄ ခုနှစ်အတွင်းက PSG အသင်းသို့ နောက်ခံလူများထဲတွင် စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင်
သန်း(၅၀)ဖြင့် ပြောင်းရွှေ့ခဲ့ပြီး (၂)နှစ်အကြာ၌ ချယ်လ်ဆီးသို့ ပြန်လည်ပြောင်း
ရွှေ့ခဲ့ခြင်းဖြစ်သည်။ ဒေးဗစ်လူးဝစ်ဇ်သည် ချယ်လ်ဆီးအသင်းတွင် ဆေးစစ်မှု
ခံယူရန် လန်ဒန်မြို့သို့ ရောက်ရှိနေကြောင်းသိရသည်။

REF:AFP
Photo:Daily Mail

ချယ်လ်ဆီးတိုက်စစ်မှူးရီမီ ခရစ္စတယ်ပဲလေ့စ်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့

ချယ်လ်ဆီးတိုက်စစ်မှူးရီမီ ခရစ္စတယ်ပဲလေ့စ်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့
---------------------------------------------------------
ချယ်လ်ဆီးအသင်း၏ ပြင်သစ်တိုက်စစ်မှူး ရီမီသည် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ကြောင်း သိရှိရသည်။ ရီမီအား လန်ဒန်မြို့ခံကလပ်အသင်းတစ်သင်းပင်ဖြစ်သည့် ၀က်စ် ဟမ်းအသင်းကလည်းခေါ်ယူရန်ကြိုးပမ်းခဲ့ပြီး ၎င်းက သူနှင့်လက်တွဲခဲ့ဖူးသည့် နည်းပြ အလန်ပါဂျူးရှိရာ ခရစ္စ တယ်ပဲလေ့စ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ နယူး ကာဆယ်အသင်းကို အလန်ပါဂျူး နည်းပြစဉ်က ရီမီသည် နယူးကာဆယ် အသင်းတွင် တိုက်စစ်မှူးအဖြစ် အငှားလာရောက်ကစားခဲ့ပြီး (၂၆)ပွဲကစားရာ၌ (၁၄)ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၃၁)ပွဲကစားခွင့်ရရှိထားသူ အသက် (၂၉)နှစ်အရွယ် ရီမီက ခရစ္စတယ်ပဲလေ့စ်အသင်းတွင် အလန်ပါဂျူးနှင့် ပြန်လည်လက်တွဲရ မည့်အတွက် ၀မ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

ဘုန်းမောက်သို့ တစ်ရာသီအငှားစာချုပ်ဖြင့် ၀ဲလ်ရှိုင်းယား ပြောင်းရွှေ့

■ ဘုန်းမောက်သို့ တစ်ရာသီအငှားစာချုပ်ဖြင့် ၀ဲလ်ရှိုင်းယား ပြောင်းရွှေ့

အာဆင်နယ်အသင်းကွင်းလယ်လူ ၀ဲလ်ရှိုင်းယားသည် ဘုန်း မောက်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီဖြစ် ကြောင်းသိရသည်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ၀ဲလ်ရှိုင်းယား ကို ရိုးမား၊ အေစီမီလန်၊ ခရစ္စတယ်ပဲလေ့စ်စသည့်အသင်းများက ခေါ် ယူရန် ကြိုးပမ်းခဲ့ပြီး ပဲလေ့စ်အသင်းမှာ ၀ဲလ်ရှိုင်းယားအတွက် အငှား ပြောင်းရွှေ့ကြေးကို ပေးချေလိုသော်လည်း ကစားသမား၏ လစာငွေ ကိုမူ အပြည့်ပေးချေလိုခြင်းမရှိသဖြင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပေ။

ယခုအခါ ဘုန်းမောက်အသင်းမှာ ၀ဲလ်ရှိုင်းယားကို အငှားခေါ်ယူခြင်း အတွက် ပေါင်(၂)သန်းပေးချေမည်ဖြစ်ပြီး (၁)ပတ်လုပ်ခ ပေါင်(၈) သောင်းပေးချေသွားမည်ဖြစ်ကြောင်းသိရသည်။

REF:Daily Mail

စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဆလီမန်နီအား ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၂၉.၇)သန်းဖြင့် လက်စတာအသင်းခေါ်ယူ

■ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဆလီမန်နီအား ကလပ်စံချိန်တင်
ပြောင်းရွှေ့ကြေး ပေါင်(၂၉.၇)သန်းဖြင့် လက်စတာအသင်းခေါ်ယူ

လက်စတာအသင်းသည် စပို့တင်းလစ္စဘွန်းအ သင်းမှ အယ်လ်ဂျီးရီးယားတိုက်စစ်မှူး ဆလီမန်နီ အား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင်(၂၉.၇)သန်းဖြင့် ခေါ်ယူ
လိုက်ကြောင်း Daily Mail သတင်းစာကဖော်ပြခဲ့သည်။

လက်စတာအသင်းသည် ဆလီမန်နီကို ပြီးခဲ့ သည့်အင်္ဂါနေ့က ပေါင်(၂၅)သန်းဖြင့် ကမ်းလှမ်းခဲ့ သော်လည်း ပယ်ချခံခဲ့ရ၍ ပေါင်(၂၉.၇)သန်းသို့ တိုး မြှင့်ပေးခဲ့ရသည်။ လက်စတာအသင်းသည် ဆလီမန် နီကို ခေါ်ယူရန် ပြီးခဲ့သည့်နှစ်များကတည်းက ကြိုး ပမ်းခဲ့ပြီး စပို့တင်းလစ္စဘွန်းအသင်းအနေဖြင့် ဆလီမန် နီအတွက် ပေါင်(၃၅)သန်းအထိ အလိုရှိနေခြင်း ကြောင့် နှစ်ဖက်အသင်းအကြား ညှိနှိုင်းမှုများပြုလုပ် ခဲ့ပြီးနောက် လက်စတာအသင်းတိုးမြှင့်ပေးသည့် ပေါင်(၂၉.၇)သန်းအား လက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

REF:Daily Mail

နယူးကာဆယ်ကွင်းလယ်လူ ဆစ်ဆိုကိုအား ပေါင်သန်း(၃၀)ဖြင့် စပါးခေါ်ယူ

■ နယူးကာဆယ်ကွင်းလယ်လူ ဆစ်ဆိုကိုအား ပေါင်သန်း(၃၀)ဖြင့် စပါးခေါ်ယူ

စပါးအသင်းသည် နယူးကာဆယ်ကွင်းလယ်လူ ဆစ်ဆိုကိုအား ပြိုင်ဘက် အဲဗာ
တန်အသင်းထက် လက်ဦးမှုရယူကာ ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း
သိရသည်။

ဆစ်ဆိုကို(၂၇နှစ်)သည် နယူးကာဆယ်အသင်းတန်းဆင်းခဲ့ရပြီးနောက် ပြီးခဲ့သည့်မေလကတည်းက အသင်းမှ ထွက်ခွာရန် ဆန္ဒပြင်းပြခဲ့ပြီး လက်ရှိအချိန်တွင် စပါးအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ စပါးအသင်း
သည် ဆစ်ဆိုကိုအား အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းသည့် ဗြိတိန်စံတော်
ချိန် ည(၁၁)နာရီမတိုင်ခင် (၂)မိနစ်အလို၌ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

REF:Daily Mail

ဖီအိုရင်တီးနားနောက်ခံလူ မားကို့စ်အလွန်ဆိုအား ချယ်လ်ဆီး ခေါ်ယူ

■ ဖီအိုရင်တီးနားနောက်ခံလူ မားကို့စ်အလွန်ဆိုအား ချယ်လ်ဆီး ခေါ်ယူ

ချယ်လ်ဆီးအသင်းသည် ဖီအိုရင်တီးနားဘယ်နောက်ခံလူ မားကို့စ်အလွန်ဆို
အား ပေါင်(၂၃)သန်းဖြင့် ခေါ်ယူလိုက်ကြောင်းသိရသည်။ ချယ်လ်ဆီးအသင်း
သည် မားကို့စ်အလွန်ဆိုအတွက် ပြောင်းရွှေ့ကြေးနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီ
မှုရရှိခဲ့ပြီး မားကို့စ်အလွန်ဆိုမှာ ဗုဒ္ဓဟူးနေ့က ချယ်လ်ဆီးအသင်း၏ လေ့ကျင့်ရေး
ကွင်းတွင် ဆေးစစ်မှုခံယူခဲ့ပြီးနောက် အသင်းနှင့်(၅)နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ မားကို့စ်အလွန်ဆိုသည် ကစားသမားဘ၀တွင်
ဘော်လ်တန်၊ ဆန်းဒါးလန်းစသည့် ပရီးမီးယားလိဂ်အသင်းများ၌ ကစားခဲ့
ဖူးကြောင်းသိရသည်။

REF:Daily Mail

အောင်လအန်ဆန် တက်ရောက်မည့် MMA သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၄ ရက် ကျင်းပမည်

အောင်လအန်ဆန် တက်ရောက်မည့် MMA သတင်းစာရှင်းလင်းပွဲ စက်တင်ဘာ ၄ ရက် ကျင်းပမည်
=============================================

လာမည့်အောက်တိုဘာလဆန်းပိုင်းတွင် ကျင်းပမည့် ဘက်စုံကိုယ်ခံပညာ သုံး MMA ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို လာမည့်စက်တင်ဘာ(၆) ရက်၊ မွန်းလွဲ(၁)နာရီ (၄၅)မိနစ်တွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်သည် ယင်းသတင်းစာရှင်းလင်းပွဲတက်ရောက်ရန်အတွက် လာမည့် စက်တင်ဘာ(၄)ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ပြိုင်ပွဲနှင့်ပတ် သက်သည့် အသေးစိတ်အချက်အလက်များအတွက် ဆွေးနွေးသွားမည်ဖြစ် သည်။ ယင်းပြိုင်ပွဲမှာ အောင်လအန်ဆန်အတွက် မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်မည့်ပြိုင်ပွဲဖြစ်ပြီး မတ်လအတွင်းက ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း သိရသည်။  အောင်လအန်ဆန် ယှဉ်ပြိုင်မည့် MMA ပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာကစားသမားများလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲစီစဉ်သူများသည် အောင်လအန်ဆန်အတွက် ကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ကစားနိုင်ရန် စီစဉ်လျက်ရှိပြီး အဆင်ပြေခဲ့ပါက လက်ရှိ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီနှင့် ထိုးသတ်ရမည်ဖြစ်သည်။
ဓာတ်ပုံ-ညီညီစိုးညွန့်

Tuesday, August 30, 2016

■ပရီးမီးယားလိဂ်၏ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် နောက်ဆုံးနေ့မတိုင်မီပင် ပေါင်(၁)ဘီလီယံကို ကျော်လွန်

■ပရီးမီးယားလိဂ်၏ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် နောက်ဆုံးနေ့မတိုင်မီပင် ပေါင်(၁)ဘီလီယံကို ကျော်လွန်

ပရီးမီးယားလိဂ်အသင်းများ၏ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်သည် ဈေးကွက်ပိတ်သိမ်းမည့် နောက်ဆုံးနေ့မတိုင်မီ သြဂုတ်လ(၃၀)ရက်နေ့တွင်ပင် ပေါင်(၁)ဘီလီယံကို ကျော်လွန်သွားခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ(၃၀)ရက်နေ့တွင် အာဆင်နယ်အသင်းက လူးကပ်စ်ပီရက်ဇ်နှင့် မူစတာဖီတို့ကို ခေါ်ယူစာချုပ်နိုင်ခဲ့သည့်အတွက်လည်း သန်းပေါင်း(၁၀၂၁)သန်းအထိ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

သို့သော် ယနေ့ Transfer Deadline Day တွင် အပြောင်းအရွှေ့လှုပ်ရှားမှုများစွာကို ဆက်လက်မြင်တွေ့ရမည့်အလားအလာရှိနေသေးကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

သြဂုတ်(၃၀)အထိ ပရီးမီးယားလိဂ်၏ အပြောင်းအရွှေ့လှုပ်ရှားမှုတွင် မန်စီးတီးအသင်းက ပေါင်(၁၆၈.၂)သန်းဖြင့် ဦးဆောင်နေပြီး မန်ယူအသင်းက ပေါင်(၁၄၅)သန်း၊ အာဆင်နယ်အသင်းက ပေါင်(၉၆)သန်း၊ လီဗာပူးလ်က ပေါင်(၆၉.၇)သန်း၊ ချယ်လ်ဆီးက ပေါင်(၆၇.၂)သန်း သုံးစွဲထားကြောင်းလည်း သိရှိရသည်။

Photos & Ref: Dailymail, twitter

Saturday, August 27, 2016

ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူရန် မော်ရင်ဟို မျှော်မှန်း

■ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူရန် မော်ရင်ဟို မျှော်မှန်း

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် လက်ရှိရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို  ရယူရန် မျှော်မှန်းထားကြောင်း သိရသည်။
ထို့ပြင် မော်ရင်ဟိုက လက်ရှိအသင်းစုဖွဲ့မှုဖြင့် ပရီးမီးယားလိဂ် ထိပ်ပိုင်းအဆင့်သို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ပြီး
နောက်ထပ်တန်ဖိုးကြီးခေါ်ယူမှုများ ပြုလုပ်ရန် မလိုအပ်ဟု
ယူဆလျက်ရှိသည်။

'' လက်ရှိလူစာရင်းကို ဟိုဆေးကျေနပ်နေပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ မဟုတ်ပါဘူး။
အမှတ်ပေးပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ပါပဲ။ ဒါကို ကစားသမားတွေ ယုံကြည်ကြဖို့ သူဆန္ဒရှိနေပါတယ်'' မန်ယူအသင်းနှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

မော်ရင်ဟိုက မန်ယူအသင်းကွင်းလယ်တွင် ပေါ့ဘာ၊ ဟာရဲရား၊ ရှနိုက်ဒါလင်၊ ဖယ်လေနီနှင့် ကာရစ်တို့ရှိနေသဖြင့် ရှဝိုင်းစတိုင်ဂါအနေဖြင့် နေရာရရှိရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်းလည်း သုံးသပ်ခဲ့သည်။

(ပုံစာ - မန်ယူအသင်းလေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် နည်းပြ မော်ရင်ဟို)

Photo: Man Utd

ဝှိုက်ဟတ်လိန်းမှာ စပါးနဲ့ လီဗာပူးလ် (၁-၁)ဂိုး သရေကျ

■ ၀ှိုက်ဟတ်လိန်းမှာ စပါးနဲ့ လီဗာပူးလ် (၁-၁)ဂိုး သရေကျ

ပရီးမီးယားလိဂ် ပွဲစဉ်(၃) စနေည အစောဆုံး ပွဲစဉ်အဖြစ် စပါးနဲ့ လီဗာပူးလ် အသင်းတို့ ၀ှိုက်ဟတ်လိန်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁)ဂိုး သရေကျခဲ့ပါတယ်။

စပါးအသင်းမှာ ဟာရီကိန်း၊ အဲရစ်ဆင်၊ အယ်လီ၊ လာမယ်လာတို့ လူစုံပါဝင် ခဲ့သလို၊ လီဗာပူးလ် အသင်းမှာလည်း ဖေမီနို၊ မာနေ၊ ၀ိုင်နယ်လ်ဒမ်း၊ ဟန်ဒါဆန်၊ လယ်လာနာတို့နဲ့အတူ ကြံ့ခိုင်မှု မပြည့်ဝဘူးလို့ သတင်းထွက်နေတဲ့ ကော်တင်ဟို ပွဲထွက်ကစားခဲ့ပါတယ်။

အဖွင့်ဂိုးကို လီဗာပူးလ်အသင်းက ရရှိခဲ့ပြီး ဖေမီနိုကြောင့် ရရှိတဲ့ ပယ်နယ်တီကို ဘယ်အစွန် နောက်ခံလူအဖြစ် ကစားတဲ့ မီလ်နာက (၄၃)မိနစ်မှာ ကန်သွင်းခဲ့တာပါ။

ဒုတိယပိုင်း (၇၂)မိနစ်မှာတော့ စပါးအသင်း ချေပဂိုး ပြန်ရခဲ့ပါတယ်။ စပါးအသင်းရဲ့ ဖြတ်တင်ဘောကို တောင်ပံကစားသမား လာမယ်လာ ခေါင်းတိုက်ချပေးပြီး နောက်ခံလူ ဒန်နီရို့စ်က အဆုံးသတ် ကန်သွင်းခဲ့တာပါ။

ကျန်ပွဲချိန်တွေမှာ လီဗာပူးလ်အသင်း အခွင့်အရေးတချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် (၁-၁)ဂိုး သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ လီဗာပူးလ် ကစားသမား မီလ်နာကတော့ သူဂိုးသွင်းတဲ့ ပရီးမီးယားလိဂ် (၄၂)ပွဲဆက် အသင်းရှုံးပွဲမရှိတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

■ ပွဲရလဒ်
စပါး ၁-၁ လီဗာပူးလ်

Photos: DailyMail

Wednesday, August 24, 2016

မန်ယူအသင်းသည် ၎င်း၏နောက်ဆုံးဥရောပကလပ်အသင်းဖြစ်ကြောင်း ပရိသတ်များကို ရှဝိုင်းစတိုင်ဂါ အသိပေး

■ မန်ယူအသင်းသည် ၎င်း၏နောက်ဆုံးဥရောပကလပ်အသင်းဖြစ်ကြောင်း ပရိသတ်များကို ရှဝိုင်းစတိုင်ဂါ အသိပေး

မန်ယူအသင်းမှ ဂျာမန်ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါက မန်ယူအသင်းသည် ၎င်း၏နောက်ဆုံးဥရောပကလပ်အသင်းဖြစ်ကြောင်း ပရိသတ်များကို အသိပေးခဲ့သဖြင့်
မန်ယူအသင်းမှ ထွက်ခွာခဲ့ရပါက
ဥရောပပြင်ပ(အမေရိက သို့မဟုတ် အာရှဒေသ)သို့ ထွက်ကစားဖွယ်ရှိနေကြောင်း သိရသည်။
နည်းပြမော်ရင်ဟိုလက်ထက်တွင် ရှဝိုင်းစတိုင်ဂါ၏ မန်ယူအသင်းအနာဂတ်မှာ မရေမရာဖြစ်နေပြီး မန်ယူအသင်းအနေဖြင့် ပြောင်းရွှေ့ကြေးပေါင်(၂)သန်း ရရှိလျှင်ပင်
ရှဝိုင်းစတိုင်ဂါကို ရောင်းချသွားဖွယ်ရှိနေကြောင်း ဂျာမန်မီဒီယာများကဖော်ပြခဲ့သည်။

ယခုအခါ ရှဝိုင်းစတိုင်ဂါက ၎င်း၏ Twitter မှတစ်ဆင့် '' မန်ယူအသင်းဟာ ကျွန်တော့်ရဲ့ နောက်ဆုံးဥရောပကလပ်အသင်းဖြစ်လာပါလိမ့်မယ်။
တခြားအသင်းတွေကို ကျွန်တော်လေးစားမှုရှိပါတယ်။
မန်ယူအသင်းကြောင့်သာ ဘိုင်ယန်မြူးနစ်ကို ကျွန်တော်စွန့်ခွာခဲ့တာပါပဲ။
အသင်းကသာ အလိုရှိဦးမယ်ဆို ကျွန်တော့်ဘက်က အဆင်သင့်ပါ။
ဒါဟာ ကျွန်တော့်ရဲ့ လက်ရှိအနေအထားနဲ့ပတ်သက်ပြီး ကျွန်တော်ပြောနိုင်သမျှအားလုံးပါပဲ။
ကျွန်တော့်ကို အံ့အားသင့်ဖွယ် အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်'' ဟုပြောကြားခဲ့သည်။

(ပုံစာ - မန်ယူအသင်းအတွက် ကစားပေးခဲ့စဉ်က ရှဝိုင်းစတိုင်ဂါကို တွေ့ရစဉ်၊
မန်ယူအသင်း၏ အိမ်ကွင်းပွဲစဉ်ကို လာရောက်အားပေးနေသည့် ရှဝိုင်းစတိုင်ဂါ)

Photos: EPA, Twitter

အာဆင်နယ်အသင်းမှ ထွက်ခွာခဲ့ပါက ဘာလုပ်ရမည်ကို မသိရှိသေးကြောင်း အာစင်ဝင်းဂါး ၀န်ခ

■ အာဆင်နယ်အသင်းမှ ထွက်ခွာခဲ့ပါက ဘာလုပ်ရမည်ကို မသိရှိသေးကြောင်း အာစင်ဝင်းဂါး ၀န်ခံ

လက်ရှိဘောလုံးရာသီကုန်ဆုံးချိန်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့်
နည်းပြ အာစင်ဝင်းဂါးက အာဆင်နယ်အသင်းမှ ထွက်ခွာခဲ့ပါက
ဘာလုပ်ရမည်ကို မသိရှိသေးကြောင်း ၀န်ခံခဲ့သည်။

အာဆင်နယ်အသင်းကို ဆယ်စုနှစ် (၂)ခုကြာ တာဝန်ယူထားသည့် အာစင်ဝင်းဂါးသည် ပရီးမီးယားလိဂ်၏ သက်တမ်းအရှည်ကြာဆုံးနည်းပြများထဲမှ တစ်ဦးအပါအ၀င်အဖြစ် မှတ်တမ်းဝင်လျက်ရှိသည်။

အာစင်ဝင်းဂါးက '' ဘောလုံးဟာ ကျွန်တော့်ဘ၀ပါပဲ။ အရိုးသားဆုံးဝန်ခံရရင် ဒီလောကကနေ
ထွက်ခွာသွားရမယ့်နေ့ ရောက်လာမှာကို ကျွန်တော် စိုးရွံ့မိပါတယ်။
ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်းမှာ
ကျွန်တော်တို့အသင်းနဲ့ မန်ယူပွဲ ကစားပြီးချိန်တိုင်း တစ်ခုခုသောက်ကြဖို့ ကျွန်တော့်ဆီ မက်ဆေ့ခ်ျပို့လေ့ရှိပါတယ်။
ဘောလုံးလောကကို လွမ်းနေသေးလားလို့ သူ့ကို ကျွန်တော်မေးတော့
အရာအားလုံးကိုတော့ မလွမ်းပါဘူးလို့ သူပြန်ဖြေပါတယ်။
နည်းပြဘ၀ဆိုတာ
ကိုယ့်ဘ၀တစ်ခုလုံးကို ဒီထဲမှာ မြှုပ်နှံထားတယ်။
နောက်ထပ်ပွဲတစ်ပွဲကစားဖို့နဲ့ နိုင်ပွဲရဖို့ကို ကိုယ့်ဘ၀တစ်ခုလုံးစာ စောင့်ဆိုင်းနေထိုင်နေရတဲ့
ဘ၀မျိုးပါပဲ။
ကျွန်တော့်တို့ရဲ့ စိတ်ကြည်နူးမှုတွေဟာ အဲဒီကနေရပါတယ်'' ဟု ပြောကြားခဲ့သည်။

(ပုံစာ- လက်စတာအသင်းနှင့် ပွဲစဉ်တွင် တွေ့ရသည့် အာစင်ဝင်းဂါး)

Photo: AFP

Tuesday, August 23, 2016

ချယ်လ်ဆီး၊ လီဗာပူးလ်၊ အဲဗာတန် အစရှိတဲ့ အသင်းကြီးတွေ နောက်တစ်ဆင့် တက်ခဲ့တဲ့ လိဂ်ဖလားဒုတိယအဆင့်

■ ချယ်လ်ဆီး၊ လီဗာပူးလ်၊ အဲဗာတန် အစရှိတဲ့ အသင်းကြီးတွေ နောက်တစ်ဆင့် တက်ခဲ့တဲ့ လိဂ်ဖလားဒုတိယအဆင့်

လိဂ်ဖလား ဒုတိယအဆင့် ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ချယ်လ်ဆီး၊ လီဗာပူးလ်၊ အဲဗာတန် အစရှိတဲ့ ပရီးမီးယားလိဂ် အသင်းကြီးတွေ နောက်တစ်ဆင့် တက်ခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ League One ကလပ် ဘရစ္စတိုးလ်ရိုဗာ အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းဟာ အဓိက ကစားသမားအများစုကို အနားပေးခဲ့ပေမယ့် ပွဲထွက်ကစားခဲ့တဲ့ ဘတ်ရှူအာယီ(၂၉၊ ၄၁ မိနစ်)၊ မိုဆက်စ်(၃၁ မိနစ်)တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။

လီဗာပူးလ်အသင်းကလည်း လိဂ်ချန်ပီယံရှစ်ကလပ် ဘာတန်ရဲ့ ကွင်းမှာ (၅-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ မာနေ၊ အော်ရီဂီ၊ ဖေမီနိုတို့ ပွဲထွက်လာပြီး စတာရစ်ခ်ျ၊ ၀ိုင်နယ်လ်ဒမ်းတို့လည်း လူစားဝင် ကစားခဲ့ပါတယ်။ လီဗာပူးလ် အသင်းအတွက် ဂိုးတွေကို အော်ရီဂီ(၁၅ မိနစ်)၊ ဖေမီနို(၂၂ မိနစ်)၊ စတာရစ်ခ်ျ (၇၈၊ ၈၃ မိနစ်) တို့က သွင်းယူခဲ့ပြီး ကျန်တစ်ဂိုးကတော့  (၆၁)မိနစ်မှာ ဘာတန် နောက်ခံလူ တေလာ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာပါ။

အဲဗာတန်အသင်းကလည်း အိမ်ကွင်းမှာ League Two ကလပ် ယိုဗယ်လ် အသင်းကို လန်နွန်(၂၈ မိနစ်)၊ ဘာကလေ(၆၉ မိနစ်)၊ ကိုနေး(၈၃၊ ၉၁ မိနစ်) တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

■ လိဂ်ဖလား ဒုတိယအဆင့် ရလဒ်များ

ခရစ္စတယ်ပဲလေ့စ် ၂-၀ ဘလက်ပူးလ်
QPR ၂-၁ ရို့ခ်ျဒေးလ်
စကန်သော့ပ် ၁-၂ ဘရစ္စတိုးလ်စီးတီး
(မိနစ် ၉၀ ၁-၁၊ အချိန်ပိုတွင် ဘရစ္စတိုးလ်စီးတီး နိုင်)
ဝက်ဖို့ဒ် ၁-၂ ဂီလင်ဟမ်
(မိနစ် ၉၀ ၁-၁၊ အချိန်ပိုတွင် ဂီလင်ဟမ် နိုင်)
ပီတာဘရော့ ၁-၃ ဆွမ်ဆီး
အဲဗာတန် ၄-၀ ယိုဗယ်လ်
မီဝေါလ် ၁-၂ နော်တင်ဟမ်
လူတန် ၀-၁ လိဒ်စ်
ချယ်လ်ဆီး ၃-၂ ဘရစ္စတိုးလ်ရိုဗာ
ဘာတန် ၀-၅ လီဗာပူးလ်
ဘလက်ဘန်း ၄-၃ ခရူဝီ
(မိနစ် ၉၀ ၃-၃၊ အချိန်ပိုတွင် ဘလက်ဘန်း နိုင်)
ပရက်စတန် ၂-၀ အိုးလ်ဟမ်း
အောက်စဖို့ဒ် ၂-၄ ဘရိုက်တန်
နယူးကာဆယ် ၂-၀ ချယ်လ်တင်ဟမ်
အိတ်စ်တာ ၁-၃ ဟားလ်စီးတီး
ဒါဘီ ၁-၁ ကယ်လိုင်း
(မိနစ် ၉၀ ၁-၁၊ ပယ်နယ်တီတွင် ဒါဘီ နိုင်)
နော်သမ်တန် ၂-၂ ၀က်စ်ဘရွန်း
(မိနစ် ၉၀ ၂-၂၊ ပယ်နယ်တီတွင် နော်သမ်တန် နိုင်)
ဝုလ်ဗ် ၂-၁ ကမ်းဘရစ်ခ်ျ
စတီဗန်နေ့ခ်ျ ၀-၄ စတုတ်စီးတီး
နောဝစ်ခ်ျ ၆-၁ ကိုဗင်ထရီ
ရက်ဒင်း ၂-၂ MK ဒွန်းစ်
(မိနစ် ၉၀ ၁-၁၊ အချိန်ပို ၂-၂၊ ပယ်နယ်တီတွင် ရက်ဒင်း နိုင်)

Photos: AFP

ရိုမက်နိုလီအား ချယ်လ်ဆီးအသင်းက ယူရို(၂၅)သန်းကျော်ဖြင့် ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ကြောင်း အေစီမီလန်အသင်း အတည်ပြု

■ ရိုမက်နိုလီအား ချယ်လ်ဆီးအသင်းက ယူရို(၂၅)သန်းကျော်ဖြင့် ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ကြောင်း အေစီမီလန်အသင်း အတည်ပြု

အေစီမီလန်အသင်းက အသင်း၏ နောက်ခံလူ ရိုမက်နိုလီအား ချယ်လ်ဆီး အသင်းက ယူရို(၂၅)သန်းကျော်ဖြင့် ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ကြောင်း အသင်း၏ ရုပ်သံမှတစ်ဆင့် အတည်ပြုခဲ့သည်။

အသက်(၂၁)နှစ်အရွယ်ရှိ အီတလီ နောက်ခံလူ ရိုမက်နိုလီသည် ပြီးခဲ့သည့် နွေရာသီက ရိုးမား အသင်းမှ အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်းဖြင့် ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး အေစီမီလန်အသင်း၏ အမှုဆောင်ချုပ် ဂယ်လီယာနီက ရိုမက်နိုလီအား ရောင်းချမည်မဟုတ်ကြောင်း ပြောကြားခဲ့ဖူးသည်။

ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီသည် အသင်း၏ ခံစစ်ကိုအားဖြည့်ရန် ချီလီနီ၊ ကူလီဘာလီ၊ ရိုမက်နိုလီ အစရှိသည့် စီးရီးအေမှ နောက်ခံလူ များစွာကို ပစ်မှတ်ထားနေပြီး ရိုမက်နိုလီကို ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းမည်၊ မကမ်းလှမ်းမည်ကိုမူ မသိရှိရကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။

Photo: ESPN

ဘာစီလိုနာ ဂိုးသမား ဘရာဗို မန်စီးတီးအသင်းနှင့် ဆေးစစ်ဆေးမှု ခံယူရန် မန်ချက်စတာသို့ ရောက်ရှိလာ

■ ဘာစီလိုနာ ဂိုးသမား ဘရာဗို မန်စီးတီးအသင်းနှင့် ဆေးစစ်ဆေးမှု ခံယူရန် မန်ချက်စတာသို့ ရောက်ရှိလာ

ဘာစီလိုနာ ဂိုးသမား ဘရာဗိုသည် မန်စီးတီးအသင်းနှင့် ဆေးစစ်ဆေးမှု ခံယူရန် မန်ချက်စတာသို့ ရောက်ရှိလာကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အသက်(၃၃)နှစ်အရွယ်ရှိ ချီလီ ဂိုးသမား ဘရာဗိုအား ဆေးစစ်ဆေးမှု အောင်မြင်ပါက သြဂုတ်(၂၅)ရက်တွင် စာချုပ်ချုပ်ဆိုဖွယ်ရှိကြောင်း သိရသည်။

ဘရာဗိုအတွက် မန်စီးတီးအသင်းက ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်း ပေးချေရမည်ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းဖြင့် (၃)နှစ်စာချုပ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ဘရာဗိုသည် ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမား (၁၀)ဦးစာရင်းတွင် ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

Photo: IgnacioMiguelez

ချန်ပီယံလိဂ် Play-off အဆင့် ဒုတိယအကျော့ခြေစစ်ပွဲများ ပွဲကြိုသုံးသပ် ချက်

■ ချန်ပီယံလိဂ် Play-off အဆင့် ဒုတိယအကျော့ခြေစစ်ပွဲများ ပွဲကြိုသုံးသပ်
ချက်

ရိုးမား နှင့် ပေါ်တို (ပကျော့ - ပေါ်တို ၁-၁ ရိုးမား)
-----------------
ရိုးမားက စီးရီးအေပွဲဦးထွက်မှာ အူဒီးနီးစ်ကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ပေါ်တိုနဲ့ ပထမပွဲမှာ တစ်ယောက်မလျော့ခင်အ ချိန်အထိ ရိုးမားက အသာစီးက ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ တစ် ယောက်လျော့ပြီးနောက်ပိုင်းမှာ ပေါ်တိုက ဆက်တိုက်ဖိကစား သွားခဲ့တယ်။  လက်ရှိခြေစွမ်းအရ ရိုးမားရဲ့ ပုံစံက အကောင်း ဆုံးအနေအထားမှာ ရှိနေတယ်။ ပြိုင်ပွဲအသွင်ပွဲစဉ်တွေမှာ မ နှစ်က ချန်ပီယံလိဂ်မှာ ရီးယဲလ်ကို ရှုံးပြီးကတည်းက ရှုံးပွဲမရှိ တာ တော်တော်ကြာသွားပြီ။ ဒီပွဲလည်း အိမ်ကွင်းမှာ ရိုးမား ဂိုး မပြတ်ဘဲ နိုင်လိမ့်မယ်။

မိုနာကို နှင့် ဗီလာရီးယဲလ် (ပကျော့ - ဗီလာရီးယဲလ် ၁-၂ မိုနာကို)
-------------------------
ပထမအကျော့ ဗီလာရီးယဲလ်အိမ်ကွင်းမှာ အနိုင်ရလိုက် တဲ့အတွက် မိုနာကို တော်တော်လေး အလေးသာသွားပါတယ်။ ဗီလာရီးယဲလ်ရဲ့ ခြေစွမ်းက မနှစ်ကလို မဟုတ်သေးဘဲ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း တော်တော်လေး အားနည်းခဲ့တာတွေ့ ရတယ်။ အထူးသဖြင့် တိုက်စစ်က အရင်လို နေရာလွတ်တွေမ ရှာနိုင်သလို၊ တွဲလုံးတွေလည်း ပျောက်နေပြီး တစ်ဦးချင်းထိုး ဖောက်မှုတွေကိုပဲ အားပြုကစားနေရတယ်။ မိုနာကိုက ဗီလာ ရီးယဲလ်ထက် အသင်းလိုက်ရော၊ တစ်ဦးချင်းပါ သာနေလို့ ဒီပွဲ လည်း ထပ်နိုင်ပါဦးမယ်။ 

ပါလ်ဇန် နှင့် လူဒိုဂိုရတ်စ် (ပကျော့ - လူဒိုဂိုရတ်စ် ၂-၀ ပါလ်ဇန်)
------------------------
လူဒိုဂိုရတ် တိုက်စစ်က ဘရာဇီးလ်အတွဲဖြစ်တဲ့ ၀မ်ဒါဆင် နဲ့ ကာဖူးတို့ကို ပါလ်ဇန်ခံစစ်မထိန်းချုပ်နိုင်ခဲ့လို့ ပထမအကျော့ မှာ လူဒို (၂-၀)နဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲကတော့ ပါလ်ဇန် ခြေစွမ်း ပြန်ပြပါလိမ့်မယ်။ (၁-၀၊ ၂-၁)လောက်နဲ့ နိုင်မယ်။

ဟာပိုးလ်ဘီအာရှီဗာ နှင့် ဆဲလ်တစ် (ပကျော့ - ဆဲလ်တစ် ၅-၂ ဟာပိုးလ်)
-----------------------------------
ပထမအကျော့တုန်းက ဂိုးပြတ်ခဲ့သလို၊ ခြေက တော်တော် ကွာပါတယ်။ ဆဲလ်တစ်က ဘရန်ဒန်ရော်ဂျာလက်ထက်မှာ ပြန် သတိထားရမယ့်အသင်းပုံစံဖြစ်လာတယ်။ ဒီပွဲလည်း ဆဲလ်တစ် ကိုပဲ ကြိုက်တယ်။ 

လီဂီယာဝါဆော နှင့် ဒန်ဒေါ့ခ် (ပကျော့ - ဒန်ဒေါ့ခ် ၀-၂ လီဂီယာဝါဆော)
-----------------------------
ပထမအကျော့တုန်းက ခြေကမျှတယ်။ ဒါပေမဲ့ အဆုံး သတ်သေချာတဲ့ လီဂီယာဝါဆောက အနိုင်ရသွားခဲ့တယ်။ ဒီပွဲ ကတော့ လီဂီယာဝါဆောရဲ့ အိမ်ကွင်းဖြစ်နေပါပြီ။ အာရုံစိုက်က စားဦးမှာပါ။ လီဂီယာဝါဆောကို ကြိုက်တယ်။

* ပွဲစဉ်အားလုံး မြန်မာစံတော်ချိန် သြဂုတ်လ (၂၄)ရက်နေ့ နံနက်(၁း၁၅)နာရီ
တွင် ကစားသွားမည်ဖြစ်သည်။