၂၀၁၆-၁၇ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲတွေကို အင်္ဂါညမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘာစီလိုနာ၊ ဘိုင်ယန်မြူးတို့ အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
ဘာစီလိုနာအသင်းက MSN တိုက်စစ်နဲ့ ပွဲထွက်လာပြီး အင်နီယေစတာလည်း ဒုတိယပိုင်းမှာ လူစားဝင် ကစားခဲ့ပါတယ်။ ဒါကြောင့် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းကို စိတ်ကြိုက် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး မက်ဆီက ဟက်ထရစ်၊ ဆွာရက်က (၂)ဂိုး၊ နေမာနဲ့ အင်နီယေစတာတို့ တစ်ဂိုးစီ သွင်းယူကာ (၇-၀)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
 ဘိုင်ယန်မြူးနစ်အသင်းလည်း အိမ်ကွင်းမှာ ရုရှားကလပ် ရော့စတော့ဗ် အသင်းကို 
(၅-၀)ဂိုးနဲ့ အနိုင်ရပြီး အန်ဆယ်လော့တီ ချန်ပီယံလိဂ်အဖွင့် လှခဲ့ပါတယ်။  
ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေကို ကွင်းလယ်လူ ကင်မစ်ခ်ျက (၂)ဂိုး၊ 
လီဝန်ဒေါစကီး၊ မူလာ၊ ဘားနတ်တို့က တစ်ဂိုးစီ သွင်းယူခဲ့ပါတယ်။
ပါရီမြေက PSG နဲ့ အာဆင်နယ် ပွဲမှာတော့ PSG တိုက်စစ်မှူး ကာဗာနီက ပွဲအစ (၄၂)စက္ကန့်မှာပဲ ဂိုးသွင်းယူခဲ့တာကြောင့် အာဆင်နယ် နောက်က လိုက်ကစားခဲ့ရပါတယ်။ ဒီဂိုးဟာ အာဆင်နယ် အသင်းရဲ့ ချန်ပီယံလိဂ် သမိုင်းမှာ အစောဆုံး ပေးခဲ့ရတဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ အာဆင်နယ် အသင်းအတွက် ချေပဂိုးကို (၇၇)မိနစ်မှာ အလက်ဆစ်ဆန်းချက်ဇ်က သွင်းယူခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ အာဆင်နယ် တိုက်စစ်မှူး ဂျရူးနဲ့ PSG ကွင်းလယ်လူ ဗာရက်တီတို့ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
အခြားပွဲတွေမှာ မန်စီးတီး - မိုချန်ဂလာဘတ်ပွဲက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေ့ဆိုင်းခဲ့ပြီး အက်သလက်တီကို၊ နာပိုလီ အသင်းတို့က အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ဘေဆယ်နဲ့ လူဒိုဂိုရတ်စ်၊ ဘင်ဖီကာနဲ့ ဘက်ဆစ်တက်တို့ကတော့ (၁-၁)ဂိုးရလဒ်တွေနဲ့ သရေကျခဲ့ပါတယ်။
■ ချန်ပီယံလိဂ် ရလဒ်များ
PSG ၁-၁ အာဆင်နယ်
ဘေဆယ် ၁-၁ လူဒိုဂိုရတ်စ်
ဒိုင်နမိုကိဗ် ၁-၂ နာပိုလီ
ဘင်ဖီကာ ၁-၁ ဘက်ဆစ်တက်
ဘာစီလိုနာ ၇-၀ ဆဲလ်တစ်
မန်စီးတီး P-P မိုချန်ဂလာဘတ်
ဘိုင်ယန်မြူးနစ် ၅-၀ ရော့စတော့ဗ်
PSV ၀-၁ အက်သလက်တီကို
■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
ဘရိုက်တန် ၁-၀ ဟတ်ဒါဖီးလ်
ဒါဘီ ၀-၁ အစ်ဝစ်ခ်ျ
ဖူလ်ဟမ် ၁-၁ ဘာတန်
လိဒ်စ် ၂-၁ ဘလက်ဘန်း
နောဝစ်ခ်ျ ၂-၁ ၀ီဂန်
ပရက်စတန် ၃-၀ ကာဒစ်ဖ်
QPR ၀-၆ နယူးကာဆယ်
ရှက်ဖီးဝင်းစ်ဒေး ၃-၂ ဘရစ္စတိုးလ်စီးတီး
ဝုလ်ဗ် ၀-၄ ဘန်စလေ
ရက်ဒင်း ၀-၀ ဘာမင်ဂမ်
Photos:AFP

No comments:
Post a Comment