■ ပရီးမီးယားလိဂ်ပွဲစဉ် (၅) စနေညပွဲများ အကြိုသုံးသပ်ချက်
■ ဟားလ်စီးတီး နှင့် အာဆင်နယ် (စနေည ၈း၃၀ နာရီ)
ချန်ပီယံလိဂ်မှာ အာဆင်နယ် အားကုန်ထုတ်ထားရတယ်။ ပုံမှန်အတိုင်းဆိုရင် ၀င်းဂါးက လူအပြောင်းအလဲတွေလုပ်လေ့ရှိ တယ်။ 
ဒါပေမဲ့ အဓိက ကစားသမားတချို့ ပြန်ပါလိမ့်မယ်။ ချာကာပြန်ပွဲထွက်မယ်။ ဂျရူးကစားမယ်။ တိုက်စစ်နည်းနည်းလေးမယ်။ 
ဟားလ်စီးတီးခံစစ်ကြောင့် သရေကျသွားနိုင်တယ်။ 
■ လက်စတာ နှင့် ဘန်လေ (စနေည ၈း၃၀ နာရီ)
ချန်ပီယံလိဂ်ပြိုင်ပွဲ၊  တစ်ပတ်နှစ်ပွဲဘောလုံးပွဲတွေနဲ့ လက်စတာ စရင်ဆိုင်ရပြီ။ ဘယ်လ်ဂျီယံကနေ ပွဲပန်းပြီးပြန်လာမယ်။ ရာနီရေးရီက အတွေ့အကြုံရှိပါတယ်။ အဆင်ပြေအောင်လှည့်ကစားလိမ့်မယ်။ 
ဒါပေမဲ့ အဓိက ကစားသမားတချို့ ခက်ခဲနိုင်တယ်။ 
မူဆာတို့၊ အိုကာဇာကီတို့ကြောင့် နိုင်ပွဲတော့ရပါလိမ့်မယ်။
■ မန်စီးတီး နှင့် ဘုန်းမောက် (စနေည ၈း၃၀ နာရီ)
ဘုန်းမောက်က မနှစ်ကလို တိုက်စစ်ပုံစံမျိုးမဟုတ်ဘူး။ 
အသင်းက မနှစ်ကနဲ့ မတူဘဲ ပိုစနစ်ကျလာပြီး ခံစစ်စိတ်ယိုင်လာတာကိုလည်း တွေ့ရတယ်။
 ဒါပေမဲ့ မန်စီးတီးကိုတော့ ထိန်းချုပ် နိုင်ဖို့မလွယ်ဘူး။ မန်စီးတီးက တစ်ပွဲကို အနိမ့်ဆုံးနှစ်ဂိုးတော့ သွင်းနေတယ်။ ဒီပွဲလည်း (၂-၀၊ ၃-၀)လောက်ဖြစ်ဦးမယ်။ 
■ ၀က်စ်ဘရွန်း နှင့် ၀က်စ်ဟမ်း (စနေည ၈း၃၀ နာရီ)
ဝက်စ်ဘရွန်းတိုက်စစ်မှာ ဂိုးသွင်းမယ့်သူမရှိဘူး။ နှစ်ပွဲ ဆက်ဂိုးပေါက်ပျောက်နေရာကနေ နှစ်ဂိုးလောက်ပြန်ရဖို့လည်း မလွယ်ဘူး။ ဒီပွဲဂိုးရလည်း တစ်ဂိုးပဲ။ မရဘဲလည်းဖြစ်သွားနိုင်တယ်။ 
ဝက်စ်ဟမ်းကလည်း အန်တိုနီယိုကလွဲရင် ဂိုးသွင်းမယ့်သူ မရှိသလိုဖြစ်နေတယ်။ ဒါပေမဲ့ ၀က်စ်ဟမ်း သရေနဲ့ အနိုင်ပါ။ 
■ အဲဗာတန် နှင့် မစ်ဒယ်ဘရော့ (စနေည ၁၁း၀၀ နာရီ)
ဝက်စ်ဘရွန်း၊ စတုတ်နဲ့ ဆန်းဒါးလန်းကို နိုင်ခဲ့တဲ့နောက် အဲဗာတန်က အကောင်းဆုံးအချိန်ကို ရောက်လာပါပြီ။ အရှိန် လည်းရလာပြီ။ ဒီအချိန်မှာ ဘယ်အသင်းကိုမဆို ဒုက္ခပေးဖို့အသင့်ပါ။ အိမ်ကွင်းဖြစ်သလို၊ ပြိုင်ဘက်ကလည်း မစ်ဒယ်ဘရော့ ဖြစ်နေလို့ အဲဗာတန်အနိုင်သေချာပါတယ်။
No comments:
Post a Comment