Friday, September 23, 2016

မော်ရင်ဟို၏ စာအုပ်သစ်ကို မိမိ လုံးဝဖတ်ရှုမည်မဟုတ်သည့်အတွက် ထင်မြင်ချက်လည်း မပေးနိုင်ဟု အာစင်ဝင်းဂါး ဆို

မော်ရင်ဟို၏ စာအုပ်သစ်ကို မိမိ လုံးဝဖတ်ရှုမည်မဟုတ်သည့်အတွက် ထင်မြင်ချက်လည်း မပေးနိုင်ဟု အာစင်ဝင်းဂါး ဆို
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက စက်တင်ဘာ(၂၉)တွင် ထုတ်ဝေဖြန့်ချိမည့် မန်ယူနည်းပြမော်ရင်ဟို၏ စာအုပ်သစ်
Jose Mourinho: Up Close and Personal ကို မိမိလုံးဝဖတ်ရှုမည်မဟုတ်သည့်အတွက် ထင်မြင်ချက်လည်း မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါမော်ရင်ဟို၏ စာအုပ်သစ်မှာ ၎င်းနှင့်ရင်းနှီးသော အားကစားဂျာနယ်လစ် ရော့ဘ်ဘီယာစလေက ရေးသားခြင်းဖြစ်ပြီး မော်ရင်ဟို၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာများနှင့် စိတ်ခံစားမှုများကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားကြောင်း သိရှိရသည်။
စာအုပ်တွင် ပါဝင်သည့် အဓိကအကြောင်းအရာအချို့ကို ရော့ဘ်ဘီယာစလေက Daily Mail သတင်းစာတွင် ကြိုတင်ထုတ်နုတ်ဖော်ပြခဲ့ရာ၌ မော်ရင်ဟိုက အာစင်ဝင်းဂါးကို ကြမ်းတမ်းသည့်ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ပါရှိခဲ့သည်။
ထို့ကြောင့် အာစင်ဝင်းဂါးအား ယင်းစာအုပ်နှင့်ပတ်သက်၍ ထင်မြင်ချက်ပေးရန် တောင်းခံခဲ့ခြင်းဖြစ်သည်။
အာစင်ဝင်းဂါးက "ကျွန်တော် ဒီအကြောင်းတွေကို မဖတ်ရသေးသလို၊ ဒီစာအုပ်ကို ဖတ်မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ထင်မြင်ချက်လည်း မပေးနိုင်ပါဘူး။ ကျွန်တော်ကတော့ ဘယ်သူနဲ့မှ ပုဂ္ဂိုလ်ရေးပြဿနာတွေ မရှိပါဘူး။ အားလုံးကို လေးစားသလို ကျွန်တော့်အလုပ်ကိုပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်" ဟု ပြောကြားခဲ့သည်။
Photos: Dailymail


No comments:

Post a Comment