Tuesday, September 13, 2016

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ဂျူဗင်တပ်စ် နှင့် ဆီဗီလာ
ပေါ့ဘာမရှိတော့သလို၊ အီဗရာ၊ လစ်ခ်ျစတိုင်နာတို့ကို သိပ်အားမပြုတော့တဲ့ ဂျူဗင်တပ်စ်က ဒီရာသီမှာလည်း အသွင်သစ် နဲ့ ခြေစွမ်းပြနေဆဲဆိုတာကို တွေ့ရတယ်။
စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဟီဂွါအင်ကလည်း အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းပေးနေတယ်။
ဒီဘားလားနဲ့ တွဲကစားခွင့်ရတာက ဟီဂွါအင်အတွက် ဂိုးတွေပိုသွင်းဖို့ ဖြစ်လာစေတာတွေ့ရတယ်။
အဲလက်စ်ဆန်ဒရိုနဲ့ အဲလ်ဗတ်စ် ဘရာဇီးလ်တောင်ပံနှစ်ဖက် အရမ်းကောင်းနေသလို၊ ကွင်းလယ်မှာလည်း ခီဒီရာ အကောင်းဆုံးအချိန်ဖြစ်နေတယ်။
ဟီဂွါအင်အတွက် ဂိုးသွင်းခွင့်တွေက အဆက်မပြတ်လိုကို ဖြစ်နေတယ်။ တစ်ပွဲပျမ်းမျှ ဂိုးကန်သွင်းခွင့် အကြိမ် (၂၀)လောက်ရနေသလို၊ ခံစစ်ပိုင်းကလည်း အတောင့်တင်းဆုံးအနေအထားမှာ ရှိနေဆဲဆိုတာတွေ့ရတယ်။
ဆီဗီလာက ဥရောပပွဲတွေမှာ ကောင်းတတ်ပါတယ်။
ဒါပေမဲ့ ယူရိုပါလိဂ်ရဲ့ (၃)နှစ်ဆက် ချန်ပီယံဟာ ချန်ပီယံလိဂ်မှာတော့ သိပ်မအောင်မြင်တာကိုတွေ့ရတယ်။
မနှစ်ကလည်း မန်စီးတီး၊ မိုချန်တို့ ပါတဲ့ အုပ်စုမှာ ပြိုင်ပွဲကထွက်ခဲ့ရတယ်။ ဒီနှစ်ခြေစွမ်းအရလည်း ဂျူဗင်တပ်စ်ကို ယှဉ်နိုင်စရာမရှိပါဘူး။ ဂျူဗင်တပ်စ်ပဲ နိုင်လိမ့်မယ်။
■ လိုင်ယွန် နှင့် ဒိုင်နမိုဇာဂရက်
လာကာဇက်၊ ကော်နေး၊ ဖယ်ကီယာတို့ရဲ့ လိုင်ယွန်တိုက်စစ်ကို ဒိုင်နမိုဇာဂရက် ခက်ခက်ခဲခဲထိန်းချုပ်ရလိမ့်မယ်။
ဒိုင်နမိုဇာဂရက်ရဲ့ခံစစ်က ဂိုးတွေဆက်တိုက်ပေးနေပုံနဲ့ဆိုရင် လိုင် ယွန်အကြိုက်တွေ့သွားလိမ့်မယ်။
အုပ်စုအဖွင့် အိမ်ကွင်းပွဲစဉ်ကို လိုင်ယွန်အနိုင်ရလဒ်နဲ့ စဖွင့်မှာပါ။
■ ပေါ်တို နှင့် ကိုပင်ဟေဂင်
အိုတာဗီယို၊ အန်ဒရီအန်ဒရီ၊ ဟက်တာဟာရဲရား၊ ကိုရိုနာနဲ့ အိုလီဗာတောရက်စ်တို့ရဲ့ တိုက်စစ်ပိုင်းကို ကိုပင်ဟေဂင် တောင့်ခံနိုင်ဖို့ မရှိဘူး။
ပေါ်တိုရဲ့ ချန်ပီယံလိဂ် အစဉ်အလာနဲ့ ဒီအုပ်စုမှာ အုပ်စုဗိုလ်ရဖို့ ကစားမယ့်အနေအထား၊ ကိုပင်ဟေဂင်ရဲ့ လတ်တလောရလဒ်ဆိုးတွေကို ပေါင်းစပ်လိုက်ရင် ပေါ်တို ဂိုးပြတ်နိုင်မယ့် ပွဲပါ။
■ ကလပ်ဘရုဂေးနှင့် လက်စတာ
လက်စတာက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီရာသီမှာလည်း ကွန်မြူနတီဒိုင်းကနေစပြီး ပရီးမီးယားလိဂ် (၄)ပွဲအပြီးအထိ နိုင်ပွဲတစ်ပွဲပဲ ရခဲ့တယ်။ ဒါပေမယ့် လက်စတာရဲ့ ကစားပုံကောင်းတုန်းပဲ။
မနှစ်ကလောက် စုဖွဲ့မှုမကောင်းရင်တောင် အားသာချက်တွေရှိတယ်။ ဒီအုပ်စုက ချောင်ပါတယ်။ လက်စတာ သရေနဲ့ အနိုင်ပဲ။
■ လီဂီယာဝါဆော နှင့် ဒေါ့မွန်
လိုက်ပ်ဇစ်နဲ့ ပွဲမှာ ဒေါ့မွန်အသင်း တစ်ဖက်သတ်ဖိကစား နေရင်း တစ်ဂိုးအသွင်းခံပြီး ကပ်ရှုံးခဲ့တယ်။
ဒီပွဲအတွက် ပိုပြီး အာရုံစိုက်နေပုံလည်းပေါ်တယ်။
အဓိကကစားသမားတွေ အစုံသုံးခဲ့ပေမယ့် အားသိပ်မထည့်သွားဘူး။ ရှမယ်လ်ဇာ၊ ဆိုကရာတစ်၊ ၀ိုင်ဂယ်လ်တို့ကလွဲပြီး ကျန်တဲ့ကစားသမားတွေ သိပ်မကစားခဲ့ဘူး။
ဒီပွဲတော့ ခြေပြတ်၊ ဂိုးပြတ်ပါ။
■ ရီးယဲလ် နှင့် စပို့တင်းလစ္စဘွန်း
ပေါ်တူဂီအသင်းတွေက အဆိပ်ရှိတယ်။ လစ္စဘွန်းကလည်း လက်ရှိ ရလဒ်တွေ တော်တော်ကောင်းနေပြီး ပေါ်တိုကိုတောင် နိုင်ထားတယ်။ ဒါပေမဲ့ လူပြန်စုံလာပြီဖြစ်တဲ့ ရီးယဲလ်ရဲ့ အုပ်စု အဖွင့်ပွဲစဉ်က ဘာအခက်အခဲမှမရှိပါဘူး။
စီရော်နယ်လ်ဒိုရဲ့ အသင်းဟောင်းဆီသွင်းဂိုးတွေကို မြင်ရဦးမယ်။ ဂိုးပြတ်မယ်။
■ စပါး နှင့် မိုနာကို
တိုရီနိုမှာ ခြေစွမ်းပြခဲ့တဲ့ ဂလစ်ခ်က ဒီနှစ်လည်း မိုနာကို နောက်တန်းမှာ ခြေစွမ်းပြနေပြီး အသင်းရဲ့ အကောင်းဆုံးကစား သမားလို့တောင်ပြောလို့ရတယ်။
မိုနာကိုက ခံစစ်မာသလို တိုက်စစ်လည်း မြန်တယ်။ စပါးကို ကြောက်စရာမလိုတဲ့ လူစာရင်းနဲ့ ကစားပုံလည်း ရှိတယ်။ အိမ်ကွင်းဆိုပေမယ့် စပါးမနိုင်လောက်ဘူး။ သရေလောက်ပဲ ရမယ်။
■ လေဗာကူဆင် နှင့် CSKA မော်စကို
လေဗာကူဆင်က ဒီရာသီဘွန်ဒစ်လီဂါ ပွဲစဉ်နှစ်ပွဲမှာ ကစားပုံအရဆိုရင် ခံစစ်မှာ တစ်ဦးချင်းအမှားများသလို၊ တန်ပြန်တိုက်စစ်တွေကို ပိတ်ဆို့တဲ့အပိုင်းမှာ အရမ်းအားနည်းနေတာကိုတွေ့ရတယ်။ CSKA မော်စကိုကလည်း မူဆာကို လက်စတာကိုရောင်းလိုက်တဲ့အတွက် ဒီလိုပွဲမျိုးတွေက အားနည်းချက်ကြီးလိမ့်မယ်။
လေဗာကူဆင် (၂-၁)လောက်နဲ့နိုင်မယ်။
■ မန်စီးတီး နှင့် မိုချန်ဂလာဘတ်
မနှစ်က အုပ်စုအဆင့်မှာ တွေ့ခဲ့ကြသလို၊ ဒီနှစ်လည်း ထပ်တွေ့ပြန်ပြီ။ ဂျူဗင်တပ်စ်ကို နှစ်ကျော့စလုံးရှုံးခဲ့တဲ့ မန်စီးတီးအတွက် မိုချန်ကို နှစ်ကျော့စလုံးနိုင်ခဲ့တာက အရမ်းတန်ဖိုးကြီးခဲ့တယ်။ ဘွန်ဒစ်လီဂါကနေလာတဲ့ ဂွါဒီယိုလာအတွက်တော့ ဒီပွဲပြင်ဆင်မှုက အခက်အခဲရှိမယ်မထင်ဘူး။
အိမ်ကွင်းလည်း ဖြစ်နေတယ်။ မန်စီးတီးဂိုးပြတ်နိုင်ဦးမယ်။

No comments:

Post a Comment