ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ဆွမ်ဆီးနည်းပြ ဂွီဒိုလင်၊ စတုတ်စီးတီးနည်းပြ မာ့ခ်ဟုခ်ျနှင့် ၀က်စ်ဘရွန်းနည်းပြ တိုနီပူးလစ်တို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရှိရသည်။
တိုနီပူးလစ်သည် ၀က်စ်ဘရွန်းအသင်းကို အဆင့်(၁၀)နေရာသို့ ပို့ဆောင်ပေးထားသော်လည်း အသင်းတာဝန်ရှိသူများက အပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေသည့်အတွက် ရေပန်းအစားဆုံးစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။
 လက်ရှိရလဒ်ပိုင်းအရ စတုတ်စီးတီးနည်းပြ မာ့ခ်ဟုခ်ျမှာ 
အဆိုးရွားဆုံးဖြစ်နေသော်လည်း ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးဖြစ်နေသူမှာ 
ဆွမ်ဆီးနည်းပြ ဂွီဒိုလင်ဖြစ်ကြောင်းလည်း သိရှိရသည်။
ဆွမ်ဆီးအသင်း တာဝန်ရှိသူများသည် ဂွီဒိုလင်ကို ထုတ်ပယ်ပြီး မန်ယူကစားသမားဟောင်း ရိုင်ယန်ဂစ်ကို အစားထိုးခန့်အပ်ရန် ရည်ရွယ်နေသည်ဆိုသော သတင်းများလည်း အဆက်မပြတ်ထွက်ပေါ်လျက်ရှိသည်။
ယခုနည်းပြ(၃)ဦး၏နောက်တွင် ဘီလစ်(၀က်စ်ဟမ်း)နှင့် ဒေးဗစ်မွိုက်စ်(ဆန်းဒါးလန်း)တို့ တည်ရှိနေပြီး ထုတ်ပယ်ခံရနိုင်ခြေ အနည်းဆုံးနည်းပြနှစ်ဦးမှာ ဂွါဒီယိုလာ(မန်စီးတီး)နှင့် ယာဂန်ကလော့ပ်(လီဗာပူးလ်)တို့ဖြစ်ကြောင်းလည်း သိရှိရသည်။
Photo: Gettyimages

No comments:
Post a Comment