■ ဒေါ့မွန် နှင့် ဖရိုင်းဘတ် (ည ၁း၀၀ နာရီ)
လိုက်ပ်ဇစ်ကို ရှုံးတဲ့ပွဲအပြီး ဒေါ့မွန်နည်းပြက အသင်းက စားကွက်ကိုပါ ပြောင်းလဲခဲ့တယ်။
တကယ်လည်း အလုပ်ဖြစ်ပါတယ်။
တောင်ပံတွေမှာ ဒမ်ဘီလီ၊ ပူလစ်ဆစ်တို့လို ဆယ်ကျော် သက်ကစားသမားတွေက အသင်းရဲ့အဓိကအသက်သွေးကြော ဖြစ်လာတယ်။ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၁၀)ပွဲဆက် နိုင်ထားတဲ့ ဒေါ့မွန် အနိမ့်ဆုံး(၂)ဂိုးပြတ်မယ်။
 ■ ဘက်တစ် နှင့် မာလာဂါ (ည ၁း၁၅ နာရီ)
ဘက်တစ်က တိုက်စစ်ပိုင်းမဆိုးလှပေမယ့် ခံစစ်ပိုင်းက အတော်လည်းအားနည်းနေတာတွေ့ရတယ်။
ဒါပေမဲ့ အိမ်ရှင် ဖြစ်နေတဲ့အပြင် မာလာဂါကလည်း ဒီရာသီမှာ ရုန်းကန်နေရပြီး တိုက်စစ်အားနည်းလို့ ဘက်တစ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။
■ တူးလူး နှင့် PSG(ည ၁း၁၅ နာရီ)
တူးလူးကွင်းမှာ PSG ရုန်းကန်ရလေ့ရှိတယ်။
ပွဲဆက်၊ ပွဲကျပ်တွေကြားကာလဖြစ်နေလို့လည်း PSG ရဲ့ ခြေစွမ်းအတက် အကျက သံသယ၀င်ချင်စရာကောင်းနေတယ်။
ပြီးတော့ တူးလူးက အိမ်ကွင်းနောက်ဆုံး(၇)ပွဲမှာ (၆)ပွဲက တစ်ပွဲအနည်းဆုံး(၂) ဂိုးသွင်းထားနိုင်တယ်။
သွင်းဂိုးတွေများမယ့် အလားအလာရှိနေပြီး PSG (၂)ဂိုးထက်ပိုနိုင်ဖို့ မလွယ်ပါဘူး။
■ ပရက်စတန် နှင့် ၀ီဂန် (ည ၁း၁၅ နာရီ)
ပရက်စတန်က အိမ်ကွင်းပွဲမှာ အဓိကရုန်းကန်ကစားနေပြီး ၀ီဂန်ကတော့ အဝေးကွင်းပွဲတိုင်း ရှုံးနိမ့်ထားတယ်။
ဝီဂန်တိုက်စစ် ဂိုးသွင်းအားရှိလို့ အပြန်အလှန်ရှိနိုင်ပြီး ပရက်စတန်ကို ပိုကြိုက်ပါတယ်။

No comments:
Post a Comment