သြဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ
 အကောင်းဆုံးဆုများကို စတာလင်နှင့် မိုက်ဖီလန်တို့ ဆွတ်ခူး
 မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်နှင့် ဟားလ်စီးတီးအသင်းယာယီ 
နည်းပြဖြစ်သူ မိုက်ဖီလန်တို့သည် သြဂုတ်လ ၏ ပရီးမီးယားလိဂ်တစ်လတာ 
အကောင်းဆုံး ဆုများကို အသီးသီး ဆွတ်ခူးခဲ့ကြောင်းသိရ သည်။
 စတာလင်အနေဖြင့် သြ ဂုတ်လအတွက် အကောင်းဆုံးကစားသမား ဆုအား 
ဟာဇက်(ချယ်လ်ဆီး)၊ ကာတစ်ဒေး ဗီးစ်(ဟားလ်စီးတီး)၊ ဗလင်စီယာ(မန်ယူ)တို့ ကို 
ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်ပြီး သူ၏ ကစားသမားဘ၀တစ်လျှောက် ပထမဆုံးအ ကြိမ်
 ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ 
 ထို့ပြင် ဟားလ်စီးတီးအသင်းကို ယာယီ 
နည်းပြအဖြစ်ကိုင်တွယ်နေသည့် မိုက်ဖီလန် မှာလည်း သြဂုတ်လအတွက် 
ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးရရှိခဲ့ ကြောင်းသိရသည်။ 
 မိုက်ဖီ လန်သည် ဝေဖန်မှုများ၊ အသင်းတွင်း ပြဿ        နာများနှင့် 
ရင်ဆိုင်နေရသည့် ဟားလ်စီးတီး အသင်းကို ရလဒ်ကောင်းများရရှိအောင်စွမ်း 
ဆောင်နိုင်ခဲ့ပြီး လက်စတာနှင့် ဆွမ်ဆီးကို အနိုင်၊ မန်ယူအား ရှုံးနိမ့်ခဲ့ကာ
 လက်ရှိအချိန် တွင် ဟားလ်စီးတီးအသင်းအား အမှတ်ပေး ဇယား အဆင့်(၅)နေရာ 
သို့ရောက်ရှိအောင် ပို့ဆောင်ထားကြောင်းသိရသည်။


No comments:
Post a Comment