Saturday, September 24, 2016

ဒဏ်ရာကြောင့် လက်စတာနှင့်ပွဲကို မာစီယဲလ် လွဲချော်မည်

ဒဏ်ရာကြောင့် လက်စတာနှင့်ပွဲကို မာစီယဲလ် လွဲချော်မည်
မန်ယူအသင်းတိုက်စစ်မှူး မာစီယဲလ်သည် ခြေသလုံးဒဏ်ရာကြောင့် ယခုစနေနေ့
တွင်ကစားမည့် လက်စတာနှင့်ပရီးမီးယားလိဂ်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း မန်ယူ
နည်းပြမော်ရင်ဟိုက အတည်ပြုပြောကြားခဲ့သည်။
မာစီယဲလ်သည် ပြီးခဲ့သည့်တစ်ပတ်က ၀က်ဖို့ဒ်နှင့်ကစားခဲ့သောပွဲတွင် ယင်းဒဏ် ရာရရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့က နော်သမ်တန်နှင့်ကစားခဲ့သည့် လိဂ်ဖလားပွဲကို လွဲချော်ခဲ့
သည်။ မာစီယဲလ်သည် မန်ယူအသင်းနှင့် လေ့ကျင့်ခန်းဆင်းနေသော်လည်း လက်စတာနှင့်ပွဲမတိုင်မီ ကြံ့ခိုင်မှုပြည့်ဝလာရန် မလွယ်ကူသဖြင့် ယင်းပွဲကို လွဲချော်
မည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment