■ ပါလာမို နှင့် ဂျူဗင်တပ်စ် (စနေည ၁၀း၃၀ နာရီ)
ဂျူဗင်တပ်စ်က စီးရီးအေရဲ့အငြင်းပွားဖွယ်မရှိ အကောင်းဆုံးအသင်း။ အင်တာမီလန်နဲ့ ပွဲမှာ အဝေးကွင်းရှုံးပွဲတွေ့ခဲ့တယ်ဆိုတာတောင်
အင်တာရဲ့ အကောင်းဆုံးကစားပုံကြောင့်ရော၊ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကြောင့်သာဖြစ်ပြီး ဂျူဗင်တပ်စ်က ပိုကောင်းခဲ့တာပါ။
ဒီပွဲလည်း ဂျူဗီ ခပ်လွယ်လွယ်နိုင်မယ်။
 ■ နာပိုလီ နှင့် ချီယေဗို (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)
နာပိုလီရဲ့ တိုက်စစ်ကို တောင့်ခံနိုင်တဲ့အသင်းက ခပ်ရှားရှားပါ။ နာပိုလီအိမ်ကွင်းမှာဆိုရင် ပိုဆိုးလိမ့်မယ်။ မီလစ်ခ်ဂိုးမြူး နေတယ်။
ကယ်လီဟွန် ဂိုးမြူးနေတယ်။ ပုံမှန်ခြေစွမ်းပြနိုင်တဲ့ မာတင်စ်လည်း ဒီရာသီမှာ တောက်လျှောက်နေရာရနေတယ်။
ခက်တာက ချီယေဗိုရဲ့ ခံကန်အားပဲ။
နာပိုလီ နိုင်ဖို့များတယ်ဆို ပေမယ့် ဂိုးမပြတ်နိုင်ဘူး။

No comments:
Post a Comment