Saturday, September 10, 2016

စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်
■ ဂျူ ဗင်တပ်စ် နှင့် ဆာဆူအိုလို (စနေည ၁၀း၃၀ နာရီ)
ဂျူဗင်တပ်စ်က ဖီအိုရင်တီးနား၊ လာဇီယိုတို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ကစားခဲ့ရပြီး ဆာဆူအိုလိုက မနှစ်ကတန်းဆင်းရလုနီးပါးဖြစ်ခဲ့တဲ့ ပါလာမို၊
တန်းတက် ပက်စ်ကာရာတို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ဂျူဗင်တပ်စ်အသင်းက နှစ်တိုင်း အထလေးလေ့ရှိလို့ ဒီနှစ်လည်း ဂိုးပြတ်နိုင်ပွဲမရသေးဘူး။ ဒါပေမဲ့ ရလဒ်ပိုင်းကတော့ ကျမသွားတာတွေ့ရတယ်။ ဆာဆူအိုလိုက ကစားခဲ့တဲ့နှစ်ပွဲစလုံးနိုင်ခဲ့ပေမယ့် ဒုတိယပွဲဖြစ်တဲ့ ပက်စ်ကာရာနဲ့ပွဲမှာ တရားမ၀င်ကစားသမားတစ်ဦး ထည့်သွင်းကစားခဲ့လို့ (၃-၀)ဂိုးနဲ့ ပြန်လည်အရှုံးပေးခဲ့ရပြီး (၁)ပွဲနိုင်၊ (၁)ပွဲရှုံးရလဒ်ရထားတယ်။ ပေါ့ဘာမရှိတော့တဲ့ ဂျူဗင်တပ်စ်က
ကွင်းလယ်တွေပြန် အားဖြည့် ထားပေမယ့်
တကယ်ခြေစွမ်းပြနေသူက ခီဒီရာဖြစ်နေပြီး ရီးယဲလ်မှာ ခြေစွမ်းပြခဲ့တုန်းကထက်ပိုကောင်းနေတယ်။
နှစ်ပွဲစလုံး ဂိုးပေါက်တွေ့ထားတဲ့ ပိုလီတာနို၊ ဒီဖရဲလ်၊ ဘာရာဒီတို့ရဲ့ဆာဆူအိုလိုတိုက်စစ်လည်း ဂိုးပေါက်ပျောက်လိမ့်မယ်။
ဂျူဗင်တပ်စ် (၁-၀၊ ၂-၀)ဖြစ်မယ်။

■ ပါလာမို နှင့် နာပိုလီ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)
ပါလာမိုက ရာသီအဖွင့်မှာ ပွဲကျပ်နေတယ်။ အဖွင့်ပွဲမှာ ဆာဆူအိုလိုကို ရှုံးခဲ့ပြီး ဒုတိယပွဲမှာ အင်တာကို သရေကျတယ်။
နှစ်ပွဲစလုံး အသည်းအသန် ခံကစားခဲ့ရတယ်။ နာပိုလီတိုက်စစ်က
နှစ်ပွဲ (၆)ဂိုးရထားပြီး၊ (၄)ဂိုးပေးထားရတယ်။
နှစ်ပွဲစလုံး ပုံမှန်ခြေစွမ်းမှာ ရှိနေတယ်။ ဒီခြေအတိုင်းဆိုရင်
ပါလာမိုကို နိုင်ဖို့မခက်ပါဘူး။ နာပိုလီ သေချာပေါက်နိုင်မယ်။

No comments:

Post a Comment