ဒဏ်ရာ သက်သာခြင်းမရှိသေးသည့် ရမ်ဆေး နောက်ထပ် (၂)ပတ်ခန့် ဆက်လက်အနားယူရဖွယ်ရှိနေ
 အာဆင်နယ်အသင်းကွင်းလယ်လူရမ်ဆေးသည် တံကောက်ကြောဒဏ်ရာမှ
 သက်သာလာခြင်းမရှိသည့်အတွက် (၂)ပတ်ခန့် ထပ်မံအနားယူရမည့်အနေအ
 ထားရှိနေကြောင်းသိရသည်။
 ရမ်ဆေးသည် ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် လီဗာပူးလ်နှင့်ကစားခဲ့သောပွဲ
 တွင် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့်အတိုင်းဆိုပါက ယခုရက်ပိုင်းအတွင်း ပြန်ကစားနိုင်မည်ဖြစ်သည်။ သို့သော်လည်း ရမ်ဆေး၏
 ဒဏ်ရာမှာ နာကျင်မှုဝေဒနာခံစားနေရဆဲဖြစ်ပြီး (၂)ပတ်ခန့် ဆက်လက်အနား
 ယူရဖွယ်ရှိကြောင်းသိရသည်။

No comments:
Post a Comment