Sunday, September 18, 2016

စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်

■ စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်

■ အူဒီးနီးစ် နှင့် ချီယေဗို (တနင်္ဂနွေညနေ ၅း၀၀ နာရီ)

အူဒီးနီးစ်က ရာသီအဖွင့်ပွဲမှာ ရိုးမားကို ဂိုးပြတ်ရှုံးထားပေ မယ့်  အမ်ပိုလီကို တစ်ဖက်သတ်ကစားပြီးနိုင်ခဲ့သလို၊ အေစီမီလန်ကိုလည်း အဝေးကွင်းမှာ အနိုင်ကစားခဲ့တယ်။ ချယ်လ်ဆီး ကနေ ရောက်လာတဲ့ လူငယ်တိုက်စစ်မှူး ပါရီဆာက နှစ်ပွဲစလုံး လူစားဝင်လာပြီး ဂိုးတွေသွင်းပေးထားတယ်။
ဒီပွဲတော့ ပွဲထွက် ခွင့်ရလိမ့်မယ်။ အူဒီးနီးစ်လည်း နိုင်ပွဲဆက်လိမ့်မယ်။

■ ကာဂလီယာရီ နှင့် အတ္တလန်တာ (တနင်္ဂနွေည ၇း၃၀ နာရီ)

ကာဂလီယာရီက ဂျီနိုအာကို ရှုံးတဲ့ရာသီအဖွင့်ပွဲမှာတော် တော်လေး အမှားများခဲ့ပေမယ့် ရိုးမား၊ ဘိုလော့ဂ်နာတို့နဲ့ပွဲတွေ မှာ ကစားပုံကောင်းပါတယ်။ အတ္တလန်တာကလည်း နှစ်ပွဲဆက် အကြိတ်အနယ်ရလဒ်နဲ့ ရှုံးခဲ့ပြီး တိုရီနိုနဲ့ပွဲမှာတော့ ကံကောင်း တာရော၊ စိတ်ဓာတ်ကောင်းတာရောကြောင့် နိုင်ခဲ့တယ်။ ဒီပွဲ လည်း အတ္တလန်တာ မရှုံးနိုင်ပါဘူး

■ ခရိုတိုနီ နှင့် ပါလာမို (တနင်္ဂနွေည ၇း၃၀ နာရီ)

လက်ရှိ စီးရီးအေရဲ့ အညံ့ဆုံးနှစ်သင်းပါ။ ခရိုတိုနီက စီး ရီးအေမှာ ဆက်ရပ်တည်ဖို့ မလွယ်တဲ့အသင်းမျိုးဖြစ်ပြီး ပါလာ မိုကလည်း ဒီနှစ်အရမ်းအားနည်းသွားတယ်။ နှစ်သင်းစလုံးက ပွဲတိုင်းဂိုးပေးထားရပြီး တိုက်စစ်ပိုင်း ညံ့ကြတယ်။ ဒီအတိုင်းဆို ရင် ဒီပွဲက သရေနဲ့ပဲ အဆုံးသတ်မယ်။ ဂိုးရဖို့ခက်တဲ့အသင်းတွေဖြစ်လို့ ဂိုးမသွင်းနိုင်ကျရင် အံ့သြစရာမရှိဘူး။

■ ဆာဆူအိုလို နှင့် ဂျီနိုအာ (တနင်္ဂနွေည ၇း၃၀ နာရီ)

အသင်းကောင်းနှစ်သင်းရဲ့ ပွဲစဉ်ပါ။ ဂျီနိုအာက နိုင်ပွဲဆက် နေပြီး ဆာဆူအိုလိုကတော့ ဂျူဗင်တပ်စ်ကိုပဲ ရှုံးထားတယ်။
ဒါ ပေမဲ့ ပက်စ်ကာရာကို အရှုံးပေးပြစ်ဒဏ်ချခံထားရလို့ (၃)မှတ်ပဲ ရထားတယ်။ လက်ရှိခြေစွမ်းအရ သိပ်မကွာပေမယ့် ဂျီနိုအာက ယုံကြည်မှု အမြင့်ဆုံးရောက်နေတယ်။ အရှိန်ကျရင်တောင် အ ရှုံးနဲ့ မကျနိုင်ဘူး။
ဂျီနိုအာ အနိမ့်ဆုံးသရေရမယ်။

■ တိုရီနို နှင့် အမ်ပိုလီ (တနင်္ဂနွေည ၇း၃၀ နာရီ)

တိုရီနိုက တိုက်စစ်အရမ်းကောင်းနေတယ်။ ဘယ်လော့တီ က နှစ်ပွဲမှာ (၄)ဂိုးသွင်းထားပြီး ဖယ်လ်ကေးကလည်း အားကိုး ရတယ်။
အဝေးကွင်းနှစ်ပွဲ ရှုံးထားပေမယ့် အိမ်ကွင်းမှာ အမှတ် တွေယူနိုင်လိမ့်မယ်။ အမ်ပိုလီကလည်း ပွဲတိုင်းဂိုးပေးရသလို တိုက်စစ်ကလည်း အားရစရာမရှိပါဘူး။ တိုရီနိုပဲ နိုင်မှာဖြစ်ပြီး ဂိုးလည်း များနိုင်တယ်။

■ အင်တာမီလန် နှင့် ဂျူဗင်တပ်စ် (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ဂျူဗင်တပ်စ်က စီးရီးအေရဲ့ အကောင်းဆုံးအသင်းပါ။
စီးရီးအေမှာ ကျန်အသင်းတိုင်းထက် ခေါင်းတစ်လုံးသာတယ်။
ဒါ ပေမဲ့ ပွဲတိုင်းကို အနိုင်ကစားနေမှာတော့ မဟုတ်ဘူး။ အနိုင်ကစားဖို့လည်း မလိုဘူး။ တချို့ပွဲတွေမှာ အမှတ်လျော့လိမ့်မယ်။
အမှတ်လျော့ဖို့ အကောင်းဆုံးအခြေအနေက ဒီလိုပွဲစဉ်တွေဖြစ်လိမ့်မယ်။ ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ကစားထားရတယ်။  
ပွဲပန်းပြဿနာ အနည်းနဲ့အများရှိမယ်။ ဒီအချိန်မှာ အင်တာမီလန်အသင်းက အင်အားဖြည့်တင်းမှုတွေနဲ့ အားကောင်းလာတယ်။ ယုံကြည်မှု မြင့်မားလာမယ်။ ချက်ချင်းကြီး ကောင်းသွားတာမျိုးမဟုတ်ပေမယ့် အရှိန်တင်လာမယ်။ ဒီလိုပွဲမျိုးမှာ သ ရေလောက်ကစားနိုင်ရင်၊ ဒါမှမဟုတ် နိုင်ပွဲယူနိုင်ခဲ့ရင် အင်တာမီလန်အတွက် အကျိုးရှိမယ်။ ကွင်းလယ်မှာ ယာအိုမာရီယို၊
တိုက်စစ်မှာ အီကာဒီနဲ့ ဘာဘိုဆာတို့ ပထမဆုံးတွဲလာနိုင်ပြီး
ဘာနီဂါ၊ ကွန်ဒေါ့ဘီယာတို့လို အရံအင်အားလည်း ရှိနေတာကြောင့်
ဂျူဗင်တပ်စ်ကို ခြိမ်းခြောက်နိုင်မှာပါ။ အင်တာမီလန် မရှုံးနိုင်ဘူး။

■ ဖီအိုရင်တီးနား နှင့် ရိုးမား (တနင်္လာနေ့နံနက် ၁း၁၅ နာရီ)

ရိုးမားရဲ့ တိုက်စစ်ပိုင်းက သံသယဖြစ်စရာမရှိပါဘူး။
ဆာလာနဲ့ အယ်လ်ရှာရာဝီတို့ တောင်ပံမှာ ခြေစွမ်းပြနေသလို
တိုက်စစ်မှူးနရာမှာလည်း ပါရော့တီနဲ့ ဂျက်ကို တစ်လှည့်စီကစားပြီး ဂိုးတွေသွင်းနိုင်တယ်။ ဖီအိုရင်တီးနားက ဒီရာသီမှာ ခြေတော် တော်ကျသွားတယ်။ ခံကစားတာလောက်ပဲရမယ့် သဘောဖြစ် နေတယ်။ ရိုးမားကိုပဲ ကြိုက်တယ်။

No comments:

Post a Comment