■ ဘွန်ဒစ်လီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■ အော့စ်ဘတ် နှင့် မိန့်ဇ် (တနင်္ဂနွေည ၈း၀၀ နာရီ)
ဟော်ဖန်ဟင်မ်နဲ့ပွဲမှာ (၃)ဂိုးပြတ် (၂)ကြိမ်ဦးဆောင် ထားပြီးမှ မိန့်ဇ်အသင်း ချေပဂိုးတွေပြန်ပေးခဲ့ရတာပါ။ နိုင်ပွဲနဲ့ဝေး နေပေမယ့် အသင်းလိုက်ကစားပုံကောင်းပါတယ်။
အော့စ်ဘတ်ကွင်းမှာလည်း ပြီးခဲ့တဲ့(၂)ရာသီဆက် မိန့်ဇ်(၁)ပွဲနိုင်၊
(၁) ပွဲ သရေကစားခဲ့တယ်။ မိန့်ဇ်ကိုပဲ ရွေးချင်တယ်။
■ ဟာသာဘာလင် နှင့် ရှော်လ်ကေး (တနင်္ဂနွေည ၁၀း၀၀ နာရီ)
(၂)ပွဲနိုင်ထားတဲ့ ဟာသာဘာလင်နဲ့ (၂)ပွဲရှုံးထားတဲ့ ရှော်လ်ကေးတို့တွေ့ဆုံမှုက စိတ်ဝင်စားစရာကောင်းနေတယ်။ 
ဟာသာဘာလင်ရှေ့တန်းမှာ အိုင်ဘီဆီဗစ် ပါဝင်ကစားဖို့မသေချာပေမယ့် လူစားဝင်ပြီးဂိုးတွေသွင်းနေတဲ့ ရှီဘာနဲ့အရံသင့်အစား ထိုးနိုင်လို့ ပြဿနာမရှိပါဘူး။
ရှော်လ်ကေးကတော့ ရှိရင်းစွဲကစားသမားတွေနဲ့ အသစ်ရောက်လာသူတွေကြား အထိုင်ချဖို့မ လွယ်သေးဘူး။ 
ဒါပေမဲ့ ဘိုင်ယန်ကိုရှုံးခဲ့တဲ့ပွဲမှာ ရှော်လ်ကေးကစားပုံက အတိုင်းအတာတစ်ခုထိ လက်ခံလို့ရတယ်။ ကွင်းလယ်မှာ စတမ်ဘူလီ-ဘင်တာလက်ဘ်တို့ နားလည်မှုမြန်မြန်တည်ဆောက်နိုင်ခဲ့ရင် ရှော်လ်ကေး လက်ရှိအနေအထားထက် များစွာ ပိုမြင့်လာနိုင်တယ်။ ဟာသာဘာလင်ကွင်း နောက်ဆုံးတွေ့ဆုံမှု(၇)ပွဲမှာတော့ ရှော်လ်ကေးက ပြီးခဲ့တဲ့ရာသီ(၁)ပွဲပဲရှုံးပြီး (၄)ပွဲ နိုင်၊ (၂)ပွဲသရေနဲ့ အသာစီးရထားတယ်။
ရှော်လ်ကေး မရှုံးပါဘူး။
No comments:
Post a Comment