Sunday, September 18, 2016

တနင်္ဂနွေည ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■  တနင်္ဂနွေည ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■  ၀က်ဖို့ဒ် နှင့် မန်ယူ (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

ဝက်ဖို့ဒ်ရဲ့အားနည်းချက်က ခံစစ်ပိုင်းပဲ။ ပွဲတိုင်းဂိုးပေးထားရတယ်။
ပွဲတိုင်း ဂိုးကန်သွင်းခွင့်တွေအများကြီးခွင့်ပြုရတယ်။
ကွင်းလယ်မှာ ဘရာမီ ပုံမှန်နေရာရနေတာက ပြဿနာဖြစ်နေတယ်။
ကာပိုးကလည်း ဂိုးတွေသွင်းနေလို့ ချီးကျူးရမှာဖြစ်ပေမယ့် ခံစစ်တာဝန်အရမ်းပေါ့တယ်။ နောက်ပိုင်းပွဲတွေမှာ ဂိုးလိုချင်စိတ်က ပိုများနေတာကို တွေ့ရတယ်။ ကာပိုးနဲ့ ဘရာမီကွင်းလယ်က
အတွဲမညီတဲ့အတွက် ၀က်ဖို့ဒ်ပြဿနာရှိတယ်။
တစ်ခုရှိတာက ပြီးခဲ့တဲ့ရာသီက အဓိက တိုက်စစ်အတွဲဖြစ်ခဲ့တဲ့
ဒီးနီနဲ့ အီဂါလိုတို့ ပြီးခဲ့တဲ့တစ်ပတ်က ဂိုးပေါက်ပြန်တွေ့ခဲ့ကြတယ်။
ဒါကြောင့် ဒီပွဲအတွက် အားတော့ရှိသွားနိုင်တယ်။
မန်ယူက မန်စီးတီးနဲ့ပွဲမှာ ခံစစ်ပြဿနာရှိခဲ့တယ်။
ဒါပေမဲ့ မန်ယူအသင်းရဲ့ လက်ရှိခံစစ်က  အခုအချိန်အထိ အပြုသဘောတွေးနိုင်သေး တယ်။ မန်ယူခံစစ်ကို ဒုက္ခပေးနိုင်တဲ့အသင်းလည်း အများကြီးမရှိပါဘူး။ ဒီအထဲမှာ ၀က်ဖို့ဒ်မပါဘူး။
အရမ်းကံကောင်းမှ တစ်ဂိုးလောက် ရနိုင်ပြီး ဂိုးတောင်မရဖို့များတယ်။ မန်ယူအသင်းရဲ့ တိုက်စစ်မှာလည်း ကစားသမားအများစု ခြေပြန်ကျနေတယ်။ ဒါကြောင့် သွင်းဂိုးတွေအတွက် ယုံကြည်မှုနည်းနေလိမ့်မယ်။
ဒီပွဲမှာ သွင်းဂိုးနည်းလိမ့်မယ်။ မန်ယူကပ်နိုင်မယ်။

■  ခရစ္စတယ်ပဲလေ့စ် နှင့် စတုတ်စီးတီး (တနင်္ဂနွေည ၇း၄၅ နာရီ)

အဖွင့်နှစ်ပွဲညံ့ခဲ့တဲ့ ပဲလေ့စ်က နောက်နှစ်ပွဲမှာ (၄)မှတ်ရ သွားပြီ။ မစ်ဒယ်ဘရော့ကိုအဝေးကွင်းမှာ နိုင်ခဲ့တာ၊ ဘန်တီကီ ဂိုးပေါက်တွေ့ခဲ့တာတွေက ကျေနပ်စရာပါ။ စတုတ်ကလည်း လူ စာရင်းကောင်းသလောက် ကစားပုံညံ့နေတယ်။ ကွင်းလယ်ကို မပြောင်းရင်တော့ ဒီပွဲလည်း ရှုံးဦးမှာပဲ။

■ ဆောက်သမ်တန် နှင့် ဆွမ်ဆီး (တနင်္ဂနွေည ၇း၄၅ နာရီ)

ဆောက်သမ်တန်ရဲ့ အခြေအနေက စိတ်ပျက်စရာကနေ လွန်မြောက်ချိန်တန်ပြီ။ အာဆင်နယ်နဲ့ပွဲမှာကစားခဲ့တဲ့ ခြေစွမ်းက ဒီပွဲအပေါ် သက်ရောက်မှုရှိလိမ့်မယ်။ ကစားသမားသစ်ဘူဖယ်လ်  မကစားနိုင်သေးတာတော့ နစ်နာတယ်။ ဆွမ်ဆီးက ခြေမငြိမ်တဲ့ အသင်းမျိုးပါ။ ဒီပွဲတော့ ဆောက်သမ်တန်နိုင်ပွဲစရပါပြီ။

■ စပါး နှင့် ဆန်းဒါးလန်း (တနင်္ဂနွေည ၁၀း၀၀ နာရီ)

ဆန်းဒါးလန်းက မွိုက်စ်လက်ထက်မှာ ဘာမှဖြစ်မလာဘူး။ ခေါ်ထားတဲ့ ကစားသမားတွေကလည်း အလုပ်မဖြစ်ဘူး။ ဒီပုံစံနဲ့ စပါးကွင်းမှာ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ စပါးက တိုက်စစ်အား ကျနေတဲ့အနေအထားကနေ စတုတ်နဲ့ပွဲမှာ ဂိုးမြူးခဲ့တယ်။ ဒီပွဲ လည်း စပါး (၂)ဂိုးလောက်တော့ နိုင်ဦးမယ်။

No comments:

Post a Comment