■ လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■ အိုဆာဆူနာ နှင့် ဆယ်လ်တာဗီဂို (တနင်္ဂနွေညနေ ၄း၃၀ နာရီ)
(၂)ပွဲဆက်ရှုံးကြောင့် အိုဆာဆူနာ အခုအိမ်ကွင်းပွဲကို
ပိုအာရုံစိုက်တော့မယ့်ပုံပါပဲ။ ဆယ်လ်တာဗီဂိုကလည်း (၃)ပွဲဆက် ရှုံးပွဲကြုံထားပြီး နိုလီတိုမရှိတဲ့တိုက်စစ်ပိုင်းက ဂိုးရဖို့အတော်လေး ရုန်းကန်နေရတယ်။
ဂိုးနည်းမယ့် သရေပွဲလို့ပဲထင်တယ်။
■ ဘီလ်ဘာအို နှင့် ဗလင်စီယာ (တနင်္ဂနွေည ၈း၄၅ နာရီ)
ဘီလ်ဘာအိုကလည်း တစ်ပွဲပြီးတစ်ပွဲ ကစားပုံပိုတိုးတက် လာနေတယ်။ တိုက်စစ်ပိုင်းက ဂိုးရဖို့ရုန်းကန်နေရပေမယ့် အိမ် ကွင်းဖြစ်နေတာ၊
ဗလင်စီယာခြေပျက်နေတာတွေ့ရတယ်။ လက်ရှိခြေစွမ်းအရ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲကြိုက်တယ်။
■ ဗီလာရီးယဲလ် နှင့် ဆိုစီဒက် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ဗီလာရီးယဲလ်ကတော့ တစ်ပွဲထက်တစ်ပွဲ ကစားပုံပိုတိုး တက်လာတာ တွေ့ရတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ကစားထားရလို့ ဗီလာရီးယဲလ် ပွဲပန်းနေနိုင်တယ်။ ဆိုစီဒက်ကလည်း ထိန်းကစားဖို့များလို့
ဂိုးနည်းပြီးသရေကျမယ့်ပွဲလို့ပဲထင်တယ်။
■ အက်စ်ပန်ညို နှင့် ရီးယဲလ် (တနင်္လာနေ့နံနက် ၁း၁၅ နာရီ)
အက်စ်ပန်ညိုကွင်းမှာ ဂိုးပြတ်နိုင်ပွဲတွေနဲ့ ရီးယဲလ်မက်ဒရစ် အစဉ်အလာကောင်းတွေရှိနေတာတွေ့ရတယ်။
လက်ရှိမှာလည်း ရီးယဲလ်မက်ဒရစ် နိုင်ပွဲဆက်နေတဲ့အပြင်
တိုက်စစ်မှာလည်း စီရော်နယ်လ်ဒို ပြန်ကစားနိုင်လို့ တိုက်စစ်အားပိုကောင်း လာသလိုတွေ့နေရတယ်။ စီရော်နယ်လ်ဒို ကစားနိုင်တဲ့ပွဲမှာပဲ
(၅)ဂိုးအထိသွင်းပြီး ရီးယဲလ်တိုက်စစ်အားကိုပါ ထုတ်ပြထား နိုင်လို့
နည်းပြသစ် ဖလောရက်စ်လက်ထဲမှာ ခံစစ်ကစားပုံအားနည်းနေတဲ့ အက်စ်ပန်ညိုအတွက်တော့ စိုးရိမ်စရာပါပဲ။
ဒါပေမဲ့ အက်စ်ပန်ညိုကလည်း နိုင်ပွဲမရသေးပေမယ့် တိုက်စစ်ကစားပုံမဆိုးလှဘူး။ (၃)ပွဲမှာ (၇)ဂိုးအထိရထားပြီး တိုက်စစ်ကစားသမား တွေအားလုံးနီးပါး ဂိုးရအောင်ကစားထားနိုင်ကြတယ်။ ဒီအနေအထားက အခုအိမ်ကွင်းပွဲမှာ ပရိသတ်အားနဲ့ တိုက်စစ်ပိုင်းပိုပြီး အားကောင်းလာဖွယ်ရှိနေလို့ ရီးယဲလ်ရဲ့မတည်ငြိမ်သေးတဲ့ခံစစ်ကို ပြန်ခြိမ်းခြောက်နိုင်မယ့်
အနေအထားမျိုးဖြစ်နေတယ်။
ရီးယဲလ်ခံစစ်ပိုင်းကလည်း ပွဲဦးဆိုစီဒက်နဲ့ပွဲမှာသာ ဂိုးမပေးခဲ့ရပေမယ့် ကျန်တဲ့(၂)ပွဲမှာ ပေးဂိုး (၃)ဂိုးအထိပေးထားရလို့
စိတ်ချရတဲ့အနေအထားမဟုတ်ဘူး။
လက်ရှိခြေစွမ်းအရ အိမ်ရှင်အက်စ်ပန်ညိုနဲ့ ဂိုးအများကိုပဲ အရဲစွန့်ရွေးချင်တယ်။
No comments:
Post a Comment