Saturday, September 24, 2016

ပရီးမီးယားလိဂ်ပွဲစဉ် (၆) အကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၆) အကြိုသုံးသပ်ချက်
■ မန်ယူ နှင့် လက်စတာ (စနေည ၆း၀၀ နာရီ)
မန်ယူအတွက် ဒီရာသီ အရေးအပါဆုံးပွဲ။
မော်ရင်ဟိုအတွက် ဒီရာသီအရေးအပါဆုံးပွဲပါ။
ဒီရာသီမှာဘယ်တုန်းက ပွဲကမှ ဒီလောက်အထိ ဖိအားများခဲ့မှာမဟုတ်ဘူး။ မန်စီးတီးနဲ့ အမှတ်ပိုမကွာဖို့၊ အာဆင်နယ်နဲ့ ချယ်လ်ဆီး ထိပ်တိုက်တွေ့ဆုံချိန်မှာ အမှတ်ပြည့်ယူထားနိုင်ဖို့နဲ့ အမှားအယွင်းရှိခဲ့ရင် အိမ်ကွင်းပရိသတ်ရှေ့မှာ ကောင်းကောင်းအလှောင်ခံရမယ့် ပွဲစဉ်မျိုးပါ။
လက်စတာနည်းပြ ရာနီရေးရီဟာ ချယ်လ်ဆီးနဲ့ မော်ရင်ဟိုရဲ့ ဒုတိယအကြိမ်လက်တွဲမှုမှာ ဒီလိုမျိုးဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့
မော်ရင်ဟိုကိုအလဲထိုးပြီး အဲဒီပွဲအပြီး ရာထူးကို စွန့်ခွာစေခဲ့တဲ့ မှတ်တမ်းလည်း ရှိတယ်။ ဒီပွဲရှုံးလို့ ရာထူးလက်လွှတ်ရတဲ့အထိ
မ ဖြစ်နိုင်ပေမယ့် မော်ရင်ဟိုရဲ့ အနာဂတ်လှုပ်ခတ်သွားမှာတော့ အမှန်ပဲ။ ဒီပွဲကို မော်ရင်ဟိုက အံမ၀င်တဲ့၊ အဆင်မပြေတဲ့ (၄-၂-၃-၁)နဲ့ ပွဲထွက်လာမှာဖြစ်သလို၊ မစ်ခီတာရီယန်ကို နေရာမပေးချင်တာ၊ ကျဉ်းထဲကျပ်ထဲမှာ မာတာကို မယုံကြည်နိုင်တာတွေကြောင့်
ရွန်နီ၊ မိုဗစ်
ရပ်ရှ်ဖို့ဒ်တို့နဲ့ပဲ ပွဲထွက်ဖို့များတယ်။
လက်စတာက ချယ်လ်ဆီးနဲ့ လိဂ်ဖလားပွဲမှာ လူတွေ ချန်ကစားသွားလို့အင်အားပြည့်ပွဲထွက်လာပြီး မန်ယူကို ဒုက္ခပေးဦးမှာပါ။
ဒါပေမဲ့ မန်ယူကပ်နိုင်မယ်လို့ ထင်ပါတယ်။
■ ဘုန်းမောက် နှင့် အဲဗာတန် (စနေည ၈း၃၀ နာရီ)
ဘုန်းမောက်က ဒီရာသီမှာ ခံစစ်ကစားပုံမဆိုးပါဘူး။
ဒါပေမဲ့ မန်စီးတီးနဲ့ပွဲမှာ ဂိုးတွေအများကြီးပေးခဲ့ရတယ်။
တိုက်စစ်က တော့ မနှစ်ကလောက် မကောင်းတော့ဘူး။
ဒါပေမဲ့ ကစားပုံ ကောင်းနေဆဲပဲ။ အဲဗာတန်က ခြေတက်နေပေမယ့် အချိန်မရွေး ပြန်ကျသွားနိုင်ပါတယ်။ ဘုန်းမောက် သရေရလိမ့်မယ်။
■ လီဗာပူးလ် နှင့် ဟားလ်စီးတီး (စနေည ၈း၃၀ နာရီ)
ဟားလ်စီးတီးရဲ့ ခံစစ်ပုံစံကောင်းက ကျန်ခဲ့ပါပြီ။
အာဆင်နယ်ကို (၄)ဂိုးပေးရတယ်။ နောက်ဆုံး (၃)ပွဲဆက် ဂိုးပေးခဲ့ရ တယ်။ ဒီပွဲကျမှ ဂိုးမပေးရဖို့မလွယ်ဘူး။ ဂိုးကတော့ ပေးရမှာသေချာတယ်။ လီဗာပူးလ်တိုက်စစ်ကို ထိန်းချုပ်နိုင်မယ့် အလားအလာမရှိဘူး။
လီဗာပူးလ် ဂိုးပြတ်၊ မပြတ်ဘဲကြည့်ရမယ်။
■ မစ်ဒယ်ဘရော့နှင့် စပါး(စနေည ၈း၃၀ နာရီ)
စပါးရဲ့လက်ရှိခြေစွမ်းက အကောင်းဆုံးအနေအထားမှာ ရှိပါတယ်။
ဒါပေမဲ့ ဟာရီကိန်း မကစားနိုင်တဲ့အတွက် ယန်ဆန်နဲ့ ပွဲထွက်လာမယ့် တိုက်စစ်က စိတ်ပျက်စရာပဲ။
မစ်ဒယ်ဘ ရော့က ပဲလေ့စ်၊ အဲဗာတန်တို့ကို ဆက်တိုက်ရှုံးပြီး ယိုင်သွားပါပြီ။ စပါးနိုင်ဖို့ များပါတယ်။
■ စတုတ်စီးတီး နှင့် ၀က်စ်ဘရွန်း (စနေည ၈း၃၀ နာရီ)
စတုတ်စီးတီး နောက်ဆုံး ပရီးမီးယားလိဂ် (၄)ပွဲဆက် ရှုံးခဲ့ ပြီး
ဒီ(၄)ပွဲမှာ (၁၃)ဂိုးပေး၊ (၂)ဂိုးပဲရတဲ့ တိုက်စစ်က စိတ်ပျက်စရာပါ။
လူအင်အားနဲ့ မဆိုင်ပါဘူး။
လူက ကောင်းတယ်။ နည်းပြလည်း ခပ်ညံ့ညံ့မဟုတ်ဘူး။
ယုံကြည်မှု ပျက်စီးနေတာက စတုတ်စီးတီး ရဲ့ ပြဿနာပါ။ ဒီပွဲလည်း ၀က်စ်ဘရွန်းကို မနိုင်ပါဘူး။
■ ဆန်းဒါးလန်း နှင့် ပဲလေ့စ် (စနေည ၈း၃၀ နာရီ)
ပဲလေ့စ်က ပုံမှန်ခြေစွမ်းပြန်ရလာပြီ။ တိုက်စစ်ကလည်း နောက်ဆုံး နှစ်ပွဲမှာ (၆)ဂိုးသွင်းခဲ့တယ်။
တောင်ဆန်ခြေစွမ်းပြနေ တဲ့ တိုက်စစ်ကို ဆန်းဒါးလန်းရဲ့ လက်ရှိခြေစွမ်းနဲ့ ထိန်းချုပ်ဖို့ မလွယ်ဘူး။ အိမ်ကွင်းပွဲစဉ်ဆိုပေမယ့် ဆန်းဒါးလန်း မရှုံးရင်ဘဲ ကျေနပ်ရမှာပါ။ အမြင့်ဆုံးသရေပဲ။
■ ဆွမ်ဆီး နှင့် မန်စီးတီး (စနေည ၈း၃၀ နာရီ)
ဆွမ်ဆီးက အိမ်ကွင်းမှာ ချယ်လ်ဆီးကို ဒုက္ခပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီး ကစားဟန်မတူဘူး။ မန်စီးတီးက စားဟန်က ဆွမ်ဆီးကြောက်တဲ့ ပုံစံမျိုးပါ။ သူတို့ကို အခွင့်အရေး မပေးဘူး၊ တန်ပြန်တိုက်စစ်မိမှာ မကြောက်ဘူး။ တိုက်စစ်ပဲ က စားလိမ့်မယ်။ မန်စီးတီး နိုင်ဦးမှာပဲ။
■ အာဆင်နယ် နှင့် ချယ်လ်ဆီး (စနေည ၁၁း၀၀ နာရီ)
လက်ရှိခြေစွမ်းအရ အာဆင်နယ်က ပိုငြိမ်တယ်။ ပိုအထိုင်ကျတယ်။ ကစားကွက်ပိုကောင်းပါတယ်။ စဉ်းစားရမှာက အစဉ်အလာပိုင်းပဲ ရှိတယ်။ ချယ်လ်ဆီးက ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို ဒုက္ခပေး နိုင်တယ်။ လက်ရှိ ချယ်လ်ဆီးက အာဆင်နယ်ကို ဒုက္ခပေးနေကျအသင်းတွေထက် ပိုကောင်းတယ်။
ဆွမ်ဆီးနဲ့ ပွဲမှာ၊ လီဗာပူးလ် နဲ့ ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် လက်စတာနဲ့ လိဂ်ဖလားပွဲမှာ အရှုံးကနေ အနိုင်ပြန်ကစားနိုင်ခဲ့တဲ့ စိတ်ဓာတ်ပိုင်းက ဒီပွဲအတွက် လှုံ့ဆော်မှုဖြစ်စေလိမ့်မယ်။ အာဆင်နယ်က ကောင်းပြီးသားဖြစ်လို့ ဘာမှ ပြောစရာမရှိဘူး။ ဒါပေမဲ့ အာဆင်နယ်ရဲ့ ပြဿနာ က ချယ်လ်ဆီးရဲ့ မာကျောမှုကို စိုးရိမ်နေတတ်တာပဲ။
ကစားကွက်သာရင်တောင် ချယ်လ်ဆီးတိုက်စစ်ပိုင်းရဲ့ တိုးအားနဲ့
တစ်ဦး ချင်းထိုးဖောက်မှုတွေကြောင့် ရုန်းကန်ရလေ့ရှိတယ်။
ဒါပေမဲ့ ဒီရာသီမှာ ချယ်လ်ဆီးခံစစ်ရဲ့ အားနည်းမှု၊ ဂျွန်တယ်ရီအစား ကာဟေးလ်နဲ့ အတွဲမညီတဲ့ ဒေးဗစ်လူးဝစ်ဇ်ပါလာမှာ၊
အာဆင်နယ်ခံစစ်မှာ ချယ်လ်ဆီးရဲ့ တိုးအားနဲ့ တစ်ဦးချင်းအမြန်နှုန်းကို
ကြောက် တဲ့ မာတီဆက်ကာ၊ ဂါဘရီယယ်လ်တို့မဟုတ်ဘဲ
မူစတာဖီရှိနေတာတွေကြောင့် အာဆင်နယ် ရလဒ်ကောင်းပါလိမ့်မယ်။

No comments:

Post a Comment